Preview

ပုဏ္ဏားကျွန်း ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထား၇သူ ၅ဦးကို ရုံးထုတ်

မေ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :9123
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၂/၂၀၂၀

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်ဆီးခံ၇သူ ၅ ဦးကို ယနေ့မေလ ၂၂ ရက်နေ့ နေ့လယ်တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိ၇သည်။

၎င်းတို့မှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄ နှစ်)၊ ကိုမျိုးလင်းဦး (၂၄ နှစ်)၊ ကိုမောင်ချေ (၂၄ နှစ်)တို့ဖြစ်ကြပြီး ကျန်နှစ်ဦးအနက် တစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ ကိုမင်းစိုး (၃၈ နှစ်)နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ဖြစ်ကြသည်။ 

"အစက ပုဏ္ဏားကျွန်းမှာ ရုံးထုတ်မယ်ဆိုပြီး ထင်တာ။ နောက် စစ်တွေကိုထပ်ပို့တယ်။ စစ်တွေ ခရိုင်တရားရုံးမှာ ရုံးထုတ်ပါတယ်။ သူတို့ကို ရဲစခန်းမှာတော့ သူတို့ကို ထပ်မရိုက်တော့ဘူးလို့ပြောတယ်။ တွေ့ခွင့်လည်း ရပါတယ်။ ဒါပေမဲ့ ဟိုနားဒီနားကတော့ နာနေ၊အောင့်နေတုန်းပါပဲ သူတို့ခမျာ"ဟု ကျောက်ဆိပ်ကျေးရွာမှ မောင်မျိုးလင်းဦး၏ ဖခင်ဖြစ်သူ ဒုလ္လဘ၇ဟန်း ဦးပညာဝံသကမိန့်သည်။ 

ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာတွင် ၄င်းတို့ ၅ ဦး အပါအဝင် ရွာသား ၃၈ ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးပေးခဲ့သော်လည်း သူတို့ ၅ ဦးအား ဆက်လက် ဖမ်းဆီးထားခဲ့သည်။ 

၄င်းတို့ ၅ ဦးကို စစ်ရေယာဉ်တစ်စီးပေါ်တွင် တပ်မတော် သားများက မျက်လုံးကို အဝတ်ဖြင့်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင် တစ်ခုသည် မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် သူတို့ အမှုကို လူသိများလာခဲ့သည်။

ညှဉ်းပမ်းနှိပ်စပ်သူ တပ်မတော်သားများကို ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 


#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.