Preview

ပလက်၀မြို့ရိက္ခာရပ်ကွက် အငြိမ်းစားကျောင်းဆရာတစ်ဦးအိမ်ထဲလက်နက်ကြီးကျည်ကျ

မေ ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :9102
ရခိုင် သတင်း

နိရဥ္စရာ၊ မေ ၂၅/ ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့၊ ရိက္ခာရပ်ကွက်ရှိ အငြိမ်းစားကျောင်းဆရာ တစ်ဦးနေအိမ်ထဲ ယနေ့ နေ့လယ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ သို့သော်လည်း လူထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

အမည်မဖော်လိုသူ အစိုး၇ဝန်ထမ်း တစ်ဦးက “ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လာကျတာပါ။ လူတွေက ထိခိုက်မှုမရှိဘူး။ အိမ်ရဲ့စားဖိုဆောင် နံရံကို ဖောက်ဝင်သွားပါတယ်။ အိုးခွက် ပန်းကန်တေ ကွဲသွားပါတယ်။ အပျက်အစီးကတော့ အိုးတွေ၊ ပန်းကန်တွေလောက်ပါပဲ။ လက်နက်ကြီး ကျတဲ့ အချိန်မှာ လူတွေက အိမ်ဦးခန်းကို ရောက်နေကြတယ်လို့ သိ၇ပါတယ်” ဟု ပြောကြားသည်။

လက်နက်ကြီးကျည်ကျသော အိမ်မှာ အငြိမ်းစားကျောင်းဆရာ ဒေသခံအခေါ်ဗိုလ်ကြီး (ခ) ဦးထောင်ကိန်းနှင့် ဆရာမ ဒေါ်ကြင်ခ အိမ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

“ လက်နက်ကြီး ပစ်ခတ်သံတွေက တစ်နေ့လုံးကြားရပါတယ်။ ဘယ်က ပစ်တဲ့ လက်နက်ကြီးဆိုတာတော့ မပြောတတ်ဘူး။ တိုက်ပွဲကတော့ ဒီနေ့ ဖြစ်ပွားတာ မရှိဘူး။ မနေ့က ညနေပိုင်းမှာ ရေတံခွန်တောင်ဘက်မှာ တပ်မတော်နဲ့ AA တို့အကြား တစ်နာရီလောက်တော့ ဖြစ်ပွားခဲ့တယ်လို့ သိ၇ပါတယ်” ဟု ပြောကြားသည်။ 

မနေ့က တိုက်ပွဲ ဖြစ်ပွားသော နေရာသည် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖြစ်ပြီး တပ်ရင်း ၂၈၉ နှင့် နီးကြောင်း၊ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။ 


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.