Preview

ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ

မေ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :3356
ရခိုင် သတင်း

နိ၇ဥ္စာ၊ မေ ၂၉/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်၊ မယူကမ်း သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို AA က ယနေ့ နံက်နက် ၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဘက်က ထုတ်ပြန်သည့် သတင်းတွင် ယနေ့ မေလ ၂၉ ရက် နံနက် ၂ နာရီခန့်က အေအေ မှ အင်အား ၁၀၀ လောက်ဖြင့် လက်နက်ကြီးလက်နက်ငယ်များအသုံးပြုကာ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

အခုလက်ရှိ အချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးပျောက်ဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။  

၎င်း သဇင်မြိုင်နယ်ခြားစောင့်စခန်းသည် ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ စေတီပြင်ကျေးရွာမှ အနောက်မြောက်ဘက်တွင် တည်ရှိသည်ဟု သိ၇သည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး သဇင်မြိုင်ကျေးရွာသို့ ဆက်သွယ်ရာ ကျေးရွာသား တစ်ဦးက သေနတ်ပစ်ခတ်သံများကို ညဉ့်အချိန် နံနက် ၂ နာရီခန့်မှ စတင်ကြားခဲ့၇ပြီး ညဉ့် ၃ နာရီခွဲတွင် ရပ်တန့်သွားခဲ့သည်ဟု ပြောဆိုသည်။

“ ညဉ့် ၃ နာရီကျော်လောက်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပါတယ်။ ကြိုးကြား ကြိုးကြားပစ်သံတွေကိုတော့ မနက် ၅ နာရီကျော်ထိ ကြားရပါတယ်။ ညဉ့်ဆိုတော့ အဆောင်တွေ မီးလောင်တာတွေကိုလည်း မြင်ရပါတယ်။ အဆောင် သုံးဆောင်လောက် မီးလောင်သွားပါတယ်။ အခုရွာသားတွေလည်း ကြောက်ပြီး ပုန်းရှောင် နေ၇ပါတယ်” ဟု ပြောကြားသည်။ 

လက်ရှိ အချိန်တွင် သေနတ်သံများ ရပ်တန့်နေပြီး အခြေအနေမှာ တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ပြောကြားသည်။ 


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.