Preview

ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာမှ ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွတ်ပေး

မေ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :9784
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေလ ၃၀/ ၂၀၂၀

ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေခဲ့သည့် ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းအား AA မှ ယမန်နေ့ နံနက် ၆ နာရီခန့်က ပြန်လွတ်ပေးခဲ့ကြောင်း သိ၇သည်။

အဆိုပါ ဦးစိုးသူဝင်းအား မေလ ၁၆ ရက်နေ့က ၄င်းတာဝန်ကျနေသည့် ကုန်တန်းကျေးရွာမှ AA  တပ်ဖွဲ့ဝင် အချို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

ငွေတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးထံ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက “ AA က လူ ၈ ယောက်လောက်က ကျွန်တော်အပါအဝင် ရပ်မိရပ်ဘ တချို့ကို ရွာက စာသင်ကျောင်းကို ခေါ်ပါတယ်။ အဲဒီမှာ အဲဒီ ဆေးမှူးကို ကျွန်တော့်တို့ရှေ့က မင်းကို ဘာမှမလုပ်ဘူး။ ငါတို့ ပြန်လွတ်ပေးတော့မယ်။ မင်းရဲ့ ဇာတိရပ်မြေကို ပြန်တော့လို့ ပြောပါတယ်” ဟု ပြောသည်။ 

ဆက်လက်ပြီး ဦးမောင်နီက “ ကျွန်တော်လည်း အဲဒီဆေးမှူးကို မေးကြည့်တယ်ပေါ့နော်။ မင်းကို သူတို့ ဘာလုပ်ခဲ့လဲမေးတော့ သူက ဘာမှမလုပ်ဘူး၊ ရိုက်လည်း မရိုက်ဘူး၊ ဒါပေမယ့် ဘာလို့ဖမ်းခဲ့မှန်းတော့ မသိဘူးလို့ ကျွန်တော့်ကို သူပြောပါတယ်။ ဆေးမှူးက သူဟာ မကွေးတိုင်းကလို့ ကျွန်တော့်ကိုပြောပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်း ဦးစိုးသူဝင်းအား ဘူးသီးတောင်မြို့နယ်၊ ငွေတောင်ကျေးရွာ၌ ရပ်မိရပ်ဘများမှ မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာရှိ စာသင်ကျောင်း၌ လက်ခံခဲ့ကာ၊ မေလ ၂၉ ရက်နေ့ နံနက် ရ နာရီခန့်က ရပ်မိရပ်ဖများထံမှ တစ်ဆင့် ၇သေ့တောင်မြို့သို့ ကူးတို့ စက်လှေဖြင့် ထည့်ပေးလိုက်ကြောင်း ဦးမောင်နီက ဆက်ပြောသည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.