Preview

မီးလက်၀ကျေးရွာတွင် သေနတ်ကျည်ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံး

မေ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :2356
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၃၀ / ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ မီးလက်၀ (အောက်ရွာ) ကျေးရွာတွင် မနက် ၈ နာရီအချိန်တွင်  ရွာထဲသို့ ထင်းယူရန်သွားသော အမျိုးသမီးသမီးတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆံကျမှန်၍ သေဆုံးသွားသည်ဟု ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသောအမျိုးသမီးမှာ မီးလက်၀ (အောက်ရွာ) ခမီကျေးရွာမှ ဒေါ် ဟွေ့ခင်း အသက် (၆ရ) နှစ်ဖြစ်ကြောင်း သိရှိ၇သည်။

မီးလက်၀အောက်ရွာကျေးရွာမှ ကိုရွှေကျော်က “ သူတို့က မနက် ၈ နာရီကျော်လောက်က ပလက်၀ ဒုက္ခသည်စခန်းက နေပြီးတော့ ရွာထဲကို ထင်းယူဖို့ဆိုပြီး လူ ၅ ယောက်လောက်က လှေနဲ့ထွက်သွားတယ်။ ထင်းယူလို့ပြန်လာတဲ့အချိန် ဒီဖက် ပလက်၀ကမ်းနားကို မရောက်မီမှာ ရွာတောင်တွင်ရှိသော တောင်တန်းက နေပြီးတော့ လှမ်းပစ်လို့ သူဝမ်းဗိုက်ထဲမှာ ဒဏ်ရာ၇သွားတယ်။ အခုတော့ သူဆုံးသွားပါပြီ။ သူကိုအခု ပလက်၀ဆေးရုံ ရင်ခွဲရုံကို ပို့ထားပါတယ် ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်၀အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်အား နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် အဆိုပါကိစ္စကို မသိရှိ၇သေးကြောင်း ဖြေကြားသည်။

၎င်းမီးလက်၀ (အောက်ရွာ) ကျေးရွာတွင် မေလ ၂၆ ရက်နေ့ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သဖြင့် ရွာသူ/ ရွာသားများမှာ ကျေးရွာအတွင်း နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်နေကြကြောင်း သိရှိ၇သည်။

သေဆုံးသွားသူ ဒေါ်ဟွေ့ခင်းသည် ကျီးလေအုပ်စု၊ မင်းတာကျေးရွာသူ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် လက သားသမီးများနေထိုင်ရာ အောက်မီးလက်၀ရွာသို့ အလည်အပတ်လာရောက်သူ ဖြစ်ကြောင်း၊ ပလက်၀အနီး တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့်  ဇာတိရွာသို့ မပြန်နိုင်ဘဲ သားသမီးတို့နှင့်အတူ ပလက်၀ မြို့ပေါ်တွင် တိုက်ပွဲရှောင်အဖြစ် ခိုလှုံနေစဉ် ယခုလိုဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံတွေ့၇ခြင်း ဖြစ်ကြောင်း  အောက်မီးလက်၀ရွာသားတစ်ဦးက ပြောသည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.