ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

Corona ကြောင့် ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် တစ်ဦးစတင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k

နိရဥ္စရာ၊ ဇွန် ၂/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ အူးကီးယားမြို့နယ်ရှိ မြန်မာမှ ထွက်ပြေးလာကြသည့် မူဆလင် ဒုက္ခများနေထိုင်ရာ စခန်းတစ်ခုတွင် အသက် ၇၁ နှစ်အရွယ်လူကြီးတစ်ဦးသည် ဆေးကုသမှုခံယူနေစဉ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးခဲ့သည်ဟု The Ukhiyanews အွင်လိုင်းတွင် ယနေ့သတင်းဖော်ပြသည်။  

ယခုသေဆုံးသည့် ဒုက္ခသည်စခန်းမှ ကိုရိုနာရောဂါကြောင့်ပထမဆုံး သေဆုံးခြင်းဖြစ်ကြောင်း ၎င်းသတင်းက ဆိုသည်။ 

ကော့ဘဇား ဒုက္ခသည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံးမှ ကျန်းမာရေးညှိနှိုင်းရေးမှူးအကြီးအကဲဒေါက်တာ Abu Toha MRH Bhuiyan က သေဆုံးသွားသော ဒုက္ခသည်မှာ ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး Row Isolation Center တွင် ဆေးကုသမှုခံယူနေစဉ် တနင်္လာနေ့ ညဉ့် အချိန်  သေဆုံးသွားခဲ့သည်ဟုပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။  

ကော့ဘဇားဆေးကောလိပ်၏ အဆိုအရနမူနာ ၂၆၃ ခုကို PCR ဓာတ်ခွဲခန်းတွင် လွန်ခဲ့သော ၂၄ နာရီ အတွင်းစမ်းသပ်ခံခဲ့ရာ ၉၈ ဦးမှာ Positive တွေရှိရပြီး ယင်းအနက် ၅ ဦးမှာ ဒုက္ခသည်စခန်းမှဟု သိရသည်။

Corona positive တွေ့သူ ၅ ဦးမှာ အိုးကီးယား ဒုက္ခသည်စခန်း မှ Is-Ara (၁၈)နှစ်၊ Abu Syed (၆၄)၊ ကူးတို့ပလောင် စခန်းမှ Syed Alam (၃၈)နှစ် ၊ Abul Karim (၆၁)နှစ် နှင့် Nur Jahan (၂၄) တို့ ဖြစ်ကြသည်ဟု ဆိုသည်။

Source: Rohingya died of corona/ Ukhiyanews


ဆက်စပ် သတင်းများ