သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်မည်တိုက်ခတ်မည်ဖြစ်၍ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတွင် စက်ရုံအလုပ်ရုံများကို ပိတ်ပြီး လူပေါင်း တစ်သိန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

နိရဉ္စရာ၊ ဇွန် ၃ /၂ဝ၂ဝ

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွန်ဘိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည် ဖြစ်သဖြင့် အစိုးရ တာဝန်ရှိသူများက ရုံးများနှင့်စက်ရုံအလုပ်ရုံများကို ပိတ်ထားရန်နှင့် လူများကို  ဗုဒ္ဓဟူးနေ့တွင် နေအိမ်များတွင်သာ နေရန် ညွှန်ကြားလိုက်သည်ဟု သတင်းရရှိသည်။

နှစ်ပေါင်း ၇ဝ ကျော်အတွင်း မွန်ဘိုင်းသည် ပထမဆုံးသော ဆိုင်ကလုန်းမုန်တိုင်းနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး   ကိုရိုနာကြောင့် ပိတ်ဆို့မှုကို လျှော့ချရန် ပြင်ဆင်နေချိန်တွင် မုန်တိုင်းနှင့် ထပ်မံ ကြုံတွေ့ရခြင်း ဖြစ်သည်။

၎င်းပြင်  မွန်ဘိုင်းမြို့တော်တည်ရှိရာ မဟာရရ်ှတရာပြည်နယ်နှင့် အိမ်နီးချင်း ဂူဂျာရတ်ပြည်နယ်တို့တွင် အနည်းဆုံး လူပေါင်း ၁ဝဝ,ဝဝဝ ကို ဘေးကင်း လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး တံငါသည်များကို မုန်တိုင်း ကြောင့် ပင်လယ်ပြင်ကို ငါးဖမ်း မထွက်ရန် ညွှန်ကြားထားသည်ဟု သိရသည်။ 

ပြောင်းရွှေ့ရမည့်သူများထဲတွင် များမကြာမီက လယ်ကွင်းပြင်တွင် တည်ဆောက်ခဲ့သည့် ဆေးရုံမှ ကိုရိုနာရောဂါ ကူးစက်နေသည့် လူနာ ၁၅ဝခန့်လည်း ပါဝင်သည်။ 

Nisarga အမည်ရသော ဆိုင်ကလုန်းမုန်တိုင်းသည်  ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် မွန်ဘိုင်းတောင်ဘက် ကီလိုမီတာ ၁ဝဝ (မိုင် ၆ဝ) ကွာဝေးသော Alibag ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယမိုးလေဝသပညာရှင်များက မုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ မှ ၁၂ဝ ကီလိုမီတာ (တစ်နာရီ မိုင် ၆ဝ မှ ၈ဝ) ထိ တိုက်ခတ်နိုင်ပြီး လူနေတဲအိမ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက် နိုင်ပြီး  ၃မှ ၆ပေခွဲထိ မုန်တိုင်း ဒီရေလှိုင်းများသည် ပြည်နယ်၏ မြေနိမ့်ပိုင်းများကို နစ်မြုပ်နိုင်သည်ဟု ခန့်မှန်းထားသည်။ 

မွန်ဘိုင်း၏ မြေနိမ့်ပိုင်း ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူများကို ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ရန် အင်္ဂါနေ့ အစောပိုင်းကတည်းက အာဏာပိုင်များက ညွှန်ကြားထားပြီး ပိတ်ထားသော စာသင်ကျောင်းများတွင် ခိုလှုံရန် စီစဉ်ထားသည်ဟု သိရသည်။ 

မွန်ဘိုင်းတွင် မုန်တိုင်းရံဖန်ရံခါ တိုက်ခတ်တတ်ပြီး ၁၉၄၈ ခုနှစ်က နောက်ဆုံး ဝင်တိုက်ခဲ့သော မုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

Nisarga မတိုင်မီ ဆို်င်ကလုန်း အမ်ဖန်သည် လွန်ခဲ့သည့်လက အိန္ဒိယအရှေ့ပိုင်းနှင့် ဘင်္ဂလာဒေ့ရှ်အကြားကို ဝင်ရာက်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ကာ လျှပ်စစ်မီးများ ပြတ်တောက်ကာ လူအိမ်များ၊ လယ်ကွင်းများကို ဖျက်ဆီးခဲသည်။


ဆက်စပ် သတင်းများ