အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇွန်၅/၂၀၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံထား၇သူ ကိုစည်သူကျော်ဇံ(ခ) ကိုမိုင်ကယ်၏ ဇနီးဖြစ်သူ မနန်းခင်အေးကြည်(၃၈)နှစ် အား ယနေ့မွန်းလွဲ ၁၂ နာရီကျော်က ရဲတပ်ဖွဲ့မှ ခေါ်ယူကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မနန်းခင်အေးကြည်မှာ ကံပိုင်ရပ်ကွက်ရှိ ၎င်းတို့နေအိမ် ရှမ်းခေါက်ဆွဲဆိုင်တွင် ဈေးရောင်းနေစဉ် တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုမိုက်ကယ်နှင့် ပတ်သက်၍ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ၁၅ မိနစ်ခန့် စစ်ဆေး မေးမြန်းမှုများလုပ်ဆောင်ခဲ့ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ကိုစည်သူကျော်ဇံတို့၏ အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေဦးရာဇာထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ရဲစခန်းနဲ့ တရားရုံးနဲ့က အနီးလေးဆိုတော့ အဲဒီအစ်မကို ရဲက ခေါ်သွားတာတွေ့လိုက်တယ်။ ပြန်လွှတ် ပေးလိုက်ပါပြီ။ ဆယ့်ငါးမိနစ်လောက်ပဲကြာတာပါ။ ဘာတွေမေးလဲဆိုတာတော့ မသိသေးဘူး။ အဲဒီအစ်မက ရှမ်းတိုင်းရင်းသူပါ။ ဖုန်းလည်းမကိုင်ဘူးလို့ ပြောတယ်။ ပြီးတော့ သူတို့ မိသားစုတွေအကုန်လုံးက အင်တာဗျူးတွေ မဖြေချင်ဘူး။ အင်တာဗျူးဖြေရင် အဖမ်းခံ၇မှာစိုးလို့လို့ပြောတယ်” ဟု သူကပြောသည်။
သူမ၏ အမျိုးသားဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်သည် မေလ ၂၄ ရက်နေ့က ဖမ်းဆီးခံထား၇ပြီး သူမ၏ ခဲအိုဖြစ်သူ ဦးဇေယျကျော် (ကိုစည်သူကျော်ဇံအစ်ကို) လည်း မေလ ၉ ရက်နေ့က ဖမ်းဆီးခံထား၇ကာ ညီအစ်ကို နှစ်ယောက်စလုံကို အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ထားသည်။
ယနေ့ မနန်းခင်အေးကြည်မှာ ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ တောင်ကုတ်မြို့မှ ရဲစခန်းအား နိရဥ္စရာ သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ပါ။
တောင်ကုတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က “ သတင်းကတော့ ကြားတယ်။ ဟုတ်တယ်။ ခေါ်သွားတာကိုကြားတယ်ပြန်လွတ်လာတာတော့ မသိသေးဘူး” ဟုပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်မိသားစုမှာ တစ်စုံတစ်ရာမဖြေဆိုရဲကြောင်း ကြားသိရပြီး နိရဥ္စရာမှ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
တောင်ကုတ်မြို့နယ် ၇ခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးဝေသောင်း၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့အား အကြမ်းဖက်မှုပုဒ်မ ၅၀(က) ဖြင့် အမှုဖွင့်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်။
၎င်းတို့ သုံးဦးအား ဒုတိယ အကြိမ် ၇မန်ယူမည့် မေလ ၂၄ ရက်နေ့တွင် ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ် ရဲက ထပ်မံဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်။
သို့သော်လည်း မေလ ၂၄ ရက်နေ့တွင် ဦးဇေယျကျော်တို့အား တောင်ကုတ်မြို့နယ် တရားရုံးတွင် ထပ်မံ ရုံးထုတ် ရမန်ယူခဲ့ခြင်း မရှိသလို မိသားစုများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု သိ၇သည်။