Preview

အမ်းမြို့နယ်တွင် ကုန်တင်ကားတစ်စီး ချောက်ထဲထိုးကျပြီး ယာဉ်မောင်းဖြစ်သူ သေဆုံး

ဇွန် ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :9730
မှုခင်း သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၉/ ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်စောက်ကျေးရွာအနီး တောင်စောင်းအကွေ့တွင် ယနေ့ နံနက် ရ နာရီ ခွဲခန့်က ကုန်တင် ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ပေ ၁၀၀ နက်သည့် နှစ်ထပ်ကွေ့ချောက် အတွင်းသို့ ထိုးကျသွားသဖြင့် ယာဉ်မောင်းဖြစ်သူမှာ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ယာဉ်မောင်းဖြစ်သူမှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ထမ်းပေါက်ယုံကျေးရွာနေ ဦးစောအောင်(၅၆)နှစ် (ဘ) ဦးပေါ်ဦး ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ တာဝန်ကျအရာရှိတပ်ကြပ်သိန်းလှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ရန်ကုန်ကနေ ကျောက်တော်ကို အိမ်ဆောက်ပစ္စည်းပို့ဖို့သွားတာ။ နှစ်ထပ်ကွေ့မှာမှောက်တာ။ ယာဉ်မောင်းက နေရာတင်ပွဲချင်းပြီးသေတယ်။ စပယ်ယာကတော့ ခုန်ဆင်းကျန်ခဲ့လို့ဘာမှ ဖြစ်မသွားဘူး။ သေဆုံးသူကတော့ ယာဉ်ကိုထိန်းရင်း အတူပါသွားတာ။ သေမှုသေခင်းဖွင့်ထားတယ်။ အလောင်းကတော့ အမ်းဆေးရုံမှာ”ဟု ၎င်းရဲအရာရှိ ကပြောသည်။

အဆိုပါကားမှာ ၆ ဘီးယာဉ်အမျိုးအစား၊ ယာဉ်အမှတ် MDY-2B/1100 ဖြစ်ပြီး ကားတစ်စီးလုံးပျက်စီးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါလာသည့် အိမ်ဆောက်ပစ္စည်းသိန်း(၁၅၀)ခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူမှာ မျက်နှာပိပြားဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ချိုင့်ဝင်ဒဏ်ရာ၊ ယာဖက်နား ပေါက်ပြဲဒဏ်ရာနှင့် ယာဖက်ခြေသလုံးကျိုး ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

စပယ်ယာဖြစ်သူမှာလည်း တစ်ရွာတည်းနေသူ ဦးတိုးစိန်(၅၂)နှစ်ဖြစ်ကြောင်း၊ ၎င်းတွင် ဒဏ်ရာဒဏ်ချက် မရရှိခဲ့ကြောင်း သိ၇သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ (ပ) ၁၁/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၂၇၉ တို့ဖြင့် သေမှုသေခင်းဖွင့်ထားကြောင်း ၎င်းရဲအရာရှိကပြောသည်။

------------------------------------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ ဇှနျ ၉/ ၂၀၂၀








#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.