Preview

စစ်တွေ KBZ ဘဏ်ဓားပြတိုက်သူများအနက်နှစ်ဦးကိုဖမ်းမိသော်လည်း ကျန်နှစ်ဦးနှင့်ကျပ်သိန်း ၁၈၀၀ ဖမ်းမမိသေး

ဇွန် ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :5611
ရခိုင် သတင်း


မာန်ယုကျော် (ရွှေ၀မြေ)၊ အိမ်စိုးဖြူ

စစ်တွေ၊ ဇွန် ၁၀ / ၂၀၂၀

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာ ဓားပြတိုက်သွားသူများအနက် နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိပြီဟု သိ၇သော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈၀၀ ပျောက်နေဆဲဟု သိ၇သည်။ 

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာကို ယနေ့ ညနေ ၄ နာရီကျော်က မျက်နှာဖုံးစွပ်ထားသည့်လူလေးဦးက ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်ပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးရာ ညနေ ၅ နာရီကျော်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိရဥ္စရာသို့ အတည်ပြုပြောသည်။

"ကားနဲ့လူ နှစ်ယောက်ဖမ်းမိတယ်။ ပါသွားတဲ့ သိန်း ၁၈၀၀ နဲ့ လူနှစ်ယောက်တော့ ပျောက်နေသေးတယ်"ဟု ၎င်းက ပြောသည်။ 

ဖမ်းမိသူနှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းမိ်သည်ဆိုသည်ကို ဖြေဆိုခြင်းမရှိခဲ့ပေ။

ဖမ်းဆီး၇မိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စစ်ဆေးနေဆဲဖြစ်ပြီး သိန်း ၁၈၀၀ နှင့်အတူပျောက်နေသူနှစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေသေးသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)အတွင်းသို့ ယနေ့ ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် မျက်နှာဖုံးစွပ်ထားသူ လေးဦးဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများအား တုတ်၊ ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင့်ရှစ်ရာကို ဓားပြတိုက်ယူသွားခြင်းဖြစ်သည်ဟု သိ၇သည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.