Preview

ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ပြန်ဝင်လာသူများဆက်လက်ရှိနေဆဲဖြစ်ပြီး ၇ခိုင်တွင်ပြန်ဝင်လာသူ ၄၅၀၀ ကျော်ခန့်ရှိနေပြီဖြစ်

ဇွန် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :6153
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၃ / ၂၀၂၀

ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အလုပ်သွားလုပ်နေကြနေကြသူများ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  တစ်သုတ်ပြီး တစ်သုတ် ပြန်လာနေကြရာ လက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသူ  စုစုပေါင်း ၄၅၀၀ ကျော်အထိရှိသွားပြီ ဖြစ်ကြောင်း သိရှိ၇သည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ကလည်း ထိုင်းနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောင်းမှ ၄၁ ဦးဝင်ရောက်လာပြီး မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းခန်းမမှ တစ်ဆင့် ရွှေပြည်ရခိုင်မော်တော်ယာဉ်ဖြင့် ရခိုင်ပြည်နယ် ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။ 

“ အခု အချိန်ထိ တရုတ်နဲ့ ထိုင်းက ပြန်ဝင်လာတာ ၄၅၀၀ ကျော်လောက်တော့ ရှိသွားပြီ ထင်တယ်။ တရုတ်ကတော့ များတယ်။ တရုတ်က ၃၅၀၀ ကျော်လောက်ရှိဖို့ထင်တယ်။ ကျန်တာကတော့ ထိုင်းကပေါ့။ စာရင်းအတိအကျတော့ မရနိုင်သေးဘူး။ သူ့အစီစဉ်နဲ့သူ သွားတာတွေလည်း ရှိတယ်။ မနေ့ကလည်း ၄၁ ယောက်၊ ဟိုတစ်နေ့ကတော့ ၇၁ ယောက် အသီးသီးတော့ လာနေတာဘဲ။ ဒီနေ့လည်း ၄၁ ယောက် ထပ်သွားသေးတယ်။ ဒီနေ့သွားတာကတော့ တရုတ်ကပေါ့။ မန္တလေးကနေတစ်ဆင့် ရခိုင်ကို လိုက်သွားတာ။ နေ့တိုင်းလိုလိုနီးပါးတော့ လာနေတာရှိတယ်” ဟု ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံနယ်စပ်မြ၀တီမှတဆင့် ၇၁ ဦးပြန်လာပြီး မင်းဘူးမှ တစ်ဆင့်ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိ၇သည်။ 

၎င်းတို့ထဲမှ တရုတ်နိုင်ငံက ပြန်လာသူ ၃၅၀၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၀၀ ကျော်ဖြစ်ပြီး နေ့တိုင်းလိုလို ဝင်ရောက်လာခြင်းဖြစ်သည်ဟု ပြောဆိုသည်

တရုတ်ကပြန်လာသူအားလုံးနီးပါးမှာ စောင့်ကြည့်ခံပြီးသားလူများဖြစ်ပြီး ထိုင်းကပြန်လာသူများမှာ ၄ ရက်၊ ၅ ရက်လောက်သာ စောင့်ကြည့်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သူတို့အားလုံးမှာ ဆေးစစ်ပြီးသားဖြစ်ပြီး ဆေးစာရွက်တွေလည်း  ပါသွားသည်ဟု ၎င်းကဆက်ပြောသည်။

ရခိုင်သို့ ရောက်ချိန်တွင်လည်း စောင့်ကြည့်ခံပြီးသား လူများကို မိမိ၏နေအိမ်၌ စောင့်ကြည့်သူ  အဖြစ်ထားရှိမှာဖြစ်ပြီး မစောင့်ကြည့်ခံခဲ့၇သူများကို စောင့်ကြည့်ခံသူများအဖြစ် (၂) ပတ်ခန့် ထားရှိမည် ဖြစ်ကြောင်း သိရှိ၇သည်။


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.