နိရဥ္စရာ၊ ဇွန် ၁၆/ ၂၀၂၀
ဘင်္ဂလာဒေ့ရှ်တွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းထိ ကိုရိုနာကူးစက်ခံ၇သူ ၉၀၆၁၉ ဦး၊ သေဆုံးသူ ၁၂၀၉ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူများအထဲတွင် ဝန်ကြီးတစ်ဦး ပါဝင်သည်ဟု သိ၇သည်။
သေဆုံးသွားသည့် ဝန်ကြီးမှာ ဘင်္ဂလာဒေ့ရှ် ဘာသာရေးဝန်ကြီး Sheikh Mohammad Abdullah ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော စနေနေ့က ကိုရိုနာ ရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် အစိုး၇အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ထုတ်ဖော် ပြောကြားသည်။
၎င်းပြင် လက်ရှိ အာဏာရ အစိုးရပါတီ အဝါမိလိဂ်ထိပ်တန်းခေါင်းဆောင် ယခင်ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ Mohammed Nasim ကိုရိုနာရောဂါ Positive တွေ့ရှိပြီး ဆေးကုသနေစဉ် တနင်္ဂနွေနေ့က သေဆုံးခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ တစ်နေ့အတွင်း ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးသူ ၃၈ ဦးရှိပြီး လူပေါင်း ၁၅၀၃၈ တို့၏ နမူနာများကို စစ်ဆေးခဲ့ရာ ၃၀၉၉ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြိ့နယ် မြောက်ပိုင်းနှင့် ကပ်ရပ် တည်ရှိသည့် ကော့စ်ဘဇား ခရိုင်မှ အိုကီယားမြို့နယ်တွင် ကူးစက်ခံ၇သူ ၂၂၈ ယောက်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ပြေး လာကြသူများ နေထိုင်သည့် မူဆလင်ဒုက္ခသည်စခန်းတွင် ၃၈ ယောက်ရှိကာ ၃ ဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။
(Photo by ICRC)