Preview

တရုတ်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့်နယ်စပ်တိုက်ပွဲအတွင်း အိန္ဒိယစစ်သား၂၀ သေဆုံး

ဇွန် ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :7208
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇွန် ၁၇/၂၀၂၀ (နိုင်ငံတကာ)

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ Ladakh ဒေသ နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေသော နယ်စပ်တွင်အိန္ဒိယစစ်သား ၂၀သည် တရုတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။

ယခု အဖြစ်အပျက်သည် နယ်စပ်တင်းမာမှုများ မြင့်တက်လာပြီးနောက် အနည်းဆုံး ၄၅ နှစ်အတွင်း အိန္ဒိယ-တရုတ် နယ်စပ်ဒေသတွင် ပထမဆုံး လူအသေအပျောက်ရှိခဲ့သော တိုက်ပွဲဖြစ်သည်။

အိန္ဒိယစစ်တပ်က ကနဦး ထုတ်ဖော်ပြောကြားရာတွင် ၎င်း၏ စစ်သား ၃ ဦးသတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အင်္ဂါနေ့ နောက်ပိုင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် အိန္ဒိယစစ်သား အတော်များများသည် သူတို့၏ ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟုဆိုသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက တရုတ်ကို ယခင်အပတ်က ရရှိခဲ့သည့် နှစ်နိုင်ငံ သဘောတူညီမှုကို ချိုးဖောက်သည်ဟု  စွပ်စွဲလိုက်ပြီး Galwan ချိုင့်ဝှမ်း ထိန်းချုပ်မှုလိုင်း Actual Control (LAC) ကိုလေးစားလိုက်နာရန် တောင်းဆိုလိုက်သည်။ 

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးကအပြန်အလှန်စွပ်စွဲမှုများရှိနေသည်။ 

အိန္ဒိယစစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၎င်း၏စစ်သားသုံးဦးသည် ယင်းဒေသနယ်စပ်  တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း အိန္ဒိယ စစ်တပ်က အင်္ဂါနေ့အစောပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

ထိုနေ့နှောင်းပိုင်းတွင် နှစ်ဖက်စလုံးမှ ၎င်းနေရာမှ ဆုတ်ခွာသွားခဲ့ပြီဟု အိန္ဒိယစစ်တပ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယစစ်သား ၁၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ည် ဒဏ်ရာကြောင့် သေဆုံးခဲ့၇ပြီး သေဆုံးသူမှာ စုစုပေါင်း ၂၀ ရှိသည်ဟုဆိုသည်။

တရုတ်က ထိခိုက်ဒဏ်ရာရမှုများကို အတည်ပြုခြင်းမရှိသော်လည်း အိန္ဒိယဘက်မှတရုတ်ဘက်သို့ နယ်စပ်ကို ဖြတ်ကျော်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အိန္ဒိယသည် တနင်္ဂနွေနေ့က နယ်စပ်ကို နှစ်ကြိမ်ဖြတ်ကျော်ခဲ့ပြီး တရုတ် ဝန်ထမ်းများကို နှိမ်နင်းတိုက်ခိုက်ခြင်းကြောင့် နှစ်ဖက်စလုံး၏ နယ်စပ်တပ်များ အကြားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိခဲ့ကြာင်း ပြောကြားသည်။

(Kashmir clash: 20 Indian troops killed in fighting with Chinese forces/Independent Online)


#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.