Preview

တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်သေဆုံး

ဇွန် ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :3347
မှုခင်း သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်၌ ဓာတ်လိုက်၍ အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ရွာသစ်ကျေးရွာနေ ဦးစိန်သန်း(ခ)ပုလု (၄၀)နှစ် နှင့် ဦးစိန်ကျော်သန်း(ခ) ဂိုးချေ(၄၈)နှစ်တို့ဖြစ်ကြသည်။

ယမန်နေ့က ငလျင်လှုပ်၍ သစ်ကိုင်းများကျိုးကျခဲ့ကြောင်း၊ ၎င်းသစ်ကိုင်းများနှင့် ဖိမိ၍  လမ်းပေါ်၌ ပြတ်၍ တွဲကျနေသည့် မီးကြိုးနှင့် ပူးကပ်ချည်ထားသည့် နန်းကြိုးအား ဖယ်ရှားရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း ဝက်ကျိတ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်(ခ) ညီလေးက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“အဲဒီနန်းကြိုးက ကြွေသီးမှာထိပြီး တွဲကျနေတာပါ။ မီးကြိုးက အကောင်း။ ကလေးတွေ နဲ့ အန္တရာယ် ဖြစ်မယ် ဆိုပြီး စိန်သန်းက သွားဖယ်တာမှာ သူ့ကိုဓာတ်လိုက်တယ်။ အဲဒါကို စိန်သန်းကျော်က သွားဆွဲတာမှာ နှစ်ယောက်လုံး ဓာတ်လိုက် သေတာပါ။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ နှစ်ယောက်လုံး အသက်မရှိတော့ဘူး” ဟုပြောသည်။

အလောင်းများအား တောင်ကုတ်ဆေးရုံကိုယူဆောင်သွားပြီး ယနေ့ညနေတွင် ရွာသို့ပြန်သယ်လာပြီး သင်္ဂြိုလ်ရန် စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က တောင်ကုတ်မြို့မှ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ရစ်ချ်စကေး ၅ အင်အားရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း  မြန်မာနိုင်ငံ မိုး/ဇလ မှ သတင်းထုတ်ပြန်သည်။

အလားတူ လွန်ခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ လေးနာရီကျော်ခန့် ကလည်း မင်းပြားမြို့အရှေ့မြောက်ဖက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည့်အချိန်တွင်  မြောက်ဦးမြို့နယ် စင်းဘောကိုင်း ကျေးရွာမှ မီးသွေးတွင်းမှ လူနှစ်ဦးမှာ မြေပြိုကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။


#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.