Preview

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇွန် ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :5066
မှုခင်း သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၀

၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက ငွေကျပ် ၁ ဘီလီယံကျော်တန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅၀၀ ကိုဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၎င်းဆေးပြားများကို မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း(အလယ်)ကျေးရွာနေ ဦးမောင်ဖြူထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းအရ သိ၇သည်။

ကြိမ်ချောင်းကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံရွာလူကြီးတစ်ဦးက “ သူတို့အိမ်ကို ဝင်မမွှေခင် ဘေးကအိမ်တစ်အိမ်ကို မွှေတယ်။ ဘေးအိမ်ကဘာမှ မတွေ့တော့ မောင်ဖြူတို့အိမ်ကိုမွှေတာ။ အဲဒီမှာ သူတို့ အိမ်အနောက်ဖက်မှာ ထမီတွေအုပ်ထားတဲ့ မှုးယစ်ဆေးအထုတ်တွေနဲ့ သူလိုင်းဆွဲစားတဲ့ အိမ်က ကားပေါ်မှာလည်း အထုတ်တွေတွေ့တာ။  ရဲကအဲဒီနေ့ ကတည်းက သူ့နဲ့ ကားကိုပါ ဖမ်းသွားတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ၎င်းမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၊ အရေးယူဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

ဖမ်းဆီးရမိသည့် ဦးမောင်ဖြူအား မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် မောင်တော မြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက်နေကြောင်းသိ၇သည်။

မောင်တောမြို့နယ်တွင် ယခင်လ မေလ ၃၀/၃၁ ရက်နေများတွင် ဆေးပြား ၁၀ သန်းနီးပါးဖမ်းဆီးမိပြီး၊ ဇွန်လ ၁၁ ရက်နေ့ ကလည်း ဆေးပြား  ၄ သိန်းခွဲ တို့ကို ဖမ်းဆီး၇မိခဲ့သည်။


#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.