နိရဥ္စရာ၊ ဇွန် ၁၇/၂၀၂၀ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဇွန်လ ၁၆ ရက် တစ်နေ့တည်း အတွင်း လူပေါင်း ၄၀၀၈ တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနေ့တစ်နေ့တည်းတွင်သေဆုံးသူ ၄၃ ဦးရှိကြောင်း ဘင်္ဂလာဒေ့ရှ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Daily Star တွင် သတင်းဖော်ပြသည်။
ယမန်နေ့က သေဆုံးသူ ၄၃ ဦးတွင် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၅ တို့ ဖြစ်ကြသည်။
ဘင်္ဂလာဒေ့ရှ်တွင် ဇွန်လ ၁၆ ရက်နေ့ထိ ကိုရိုနာကြောင့် သေဆုံးသူ ၁၃၀၅ ဦးရှိသွားပြီ ဖြစ်ကာ လက်ရှိ အချိန်ထိ ကူးစက်ခံ၇သူမှာ ၉၈၄၈၉ ဦးရှိသည်။
ပြန်လည် သက်သာလာသူမှာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၉၂၅ ဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ပြန်လည်သက်သာလာသူမှာ ၃၈၁၈၉ ဦးရှိသည်ဟု ဆိုသည်။
တစ်ပတ်အတွင်း သေဆုံးသူ စာရင်းမှာ ဇွန်လ ၁၆ ရက်နေ့တွင် ၄၃ ဦး၊ ဇွန်လ ၁၅ ရက်နေ့တွင် ၅၃ ဦး၊ ဇွန်လ ၁၄ ရက်နေ့တွင် ၃၈ ဦး၊ ဇွန်လ ၁၃ ရက်နေ့တွင် ၃၂ ဦး၊ ဇွန်လ ၁၂ ရက်တွင် ၄၄ ဦး၊ ဇွန်လ ၁၁ ရက်တွင် ၄၆ ဦး သေဆုံးခဲ့သည်ဟု သိ၇သည်။
(Covid-19: Over 4,000 new infections in a day/The Daily Star)