Preview

ယနေ့နံနက် ၈ နာရီက ထုတ်ပြန်သော ပိုးတွေ့လူနာ ၂၃ ဦးတွင် မလေးနှင့်ထိုင်းမှ ပြန်လာသူ ရခိုင် ရ ဦးပါဝင်

ဇွန် ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :3422
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန် ၁၉/၂၀၂၀

ယနေ့ (ဇွန် ၁၉ ) ရက် နံနက် ၈ နာရီက  ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၂၃ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ရာ ထိုအထဲတွင် ဘားအံတွင် ကော်ရန်တင်း ဝင်ခိုင်းထားသည့် မလေးနှင့်ထိုင်းနိုင်ငံမှ ပြန်လာသူ ရခိုင် ရ ဦးပါဝင်ကြောင်း သိ၇သည်။

၎င်းတို့ ၇ ဦးအထဲတွင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူ ၅ ဦး၊ မလေးရှားမှ ပြန်ဝင်လာသူ ၂ ဦးတို့ဖြစ်ကြပြီး ရန်ကုန်မြို့ ဝေဘာဂီအထူးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူမည် ဖြစ်သည်။ 

၄င်းတို့သည် ထိုင်းနယ်စပ် မြ၀တီမြို့နယ်ထဲမှ ပြန်ဝင်လာသူများဖြစ်သဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လက်ခံ၍ ကော်ရန်တင်းဝင်ခိုင်းထားခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။

ရခိုင်မှ ပြန်ဝင်လာသူ ၇ ဦးတွင် ကျောက်တော်မြို့နယ်မှ ၃ ဦး (ကျား ၂၊ မ ၁ )၊ ပေါက်တောမြို့နယ် မှ ၃ ဦး(မ ၃ ) နှင့် မြောက်ဦးမြို့နယ်မှ တစ်ဦး (ကျား) တို့ ဖြစ်ကြသည်။ 

၎င်းတို့ ၇ ဦးမှာ အသက် ၂၂ နှစ်မှ ၃၃ နှစ်အကြားရှိသူများဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ယနေ့ ဇွန် ၁၉ ရက် နံနက် ၈ နာရီအချိန်ထိ ပိုးတွေ့လူနာ ၂၈၆ ဦး၊ သေဆုံးသူ ၆ ဦးရှိသည်။  


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.