Preview

ပေါက်တောမြို့နယ်တွင် လူငယ်တစ်ဦး အလောင်းတွေ့ရှိ

ဇွန် ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :10449
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၂၄ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆားပြင်ကျေးရွာ၏ အရှေ့တောင်ဖက်တွင်ရှိသော ကင်းဘွန်းချောင် ချောင်းတွင် ယမန်နေ့ ညနေ ၆ နာရီက လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအလောင်းမှာ ပေါက်တောမြို့နယ်၊ ငွေတွင်းဒွေကျေးရွာမှ ဦးထွန်းအေးမောင်၏သား မောင်ဦးနိုင်လင်း (၁၆) နှစ် ဖြစ်ကြောင်းသိရှိ၇သည်။

၎င်းလူငယ်မှာ ဆားပြင်ကျေးရွာမှ လယ်ပိုင်ရှင် ဦးစိန်မြအောင်ထံတွင် အလုပ်လုပ်နေသူဖြစ်ကာ ဇွန်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကျွဲရှာရန်သွားစဉ် ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များနှင့် ကျေးရွာသားများက လိုက်လံရှာဖွေကြစဉ် ယမန်နေ့က အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရှိ၇သည်။

ဖခင်ဖြစ်သူ ဦးထွန်းအေးမောင်က “သူက ဆားပြင်ကျေးရွာမှာ အငှားနေတယ်။ သူက ဒီလ ၂၂ ရက်နေ့က ကျွဲရှာဖို့ ဆိုပြီးသွားတယ်။ သူပြန်မရောက်လို့ စိုးရိမ်ပြီးတော့ လိုက်ရှာကြတယ်။ ၂၃ ရက်နေ့ ညနေဖက်မှာမှ သူ့အလောင်းကို ပြန်တွေ့တယ်။ သူက ရေလည်း ကူးတတ်တယ်။ ဘာဖြစ်လို့ ရေနစ်ပြီး သေဆုံးတာလည်း ဆိုတာကိုတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ လယ်ရှင်အနေနဲ့လည်း ကျနော်တို့ကို အတတ်နိုင်ဆုံး တစ်ခုခုတော့ လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ပေါက်တောဆေးရုံးတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိ၇သည်။

ပေါက်တောမြို့မှ ရဲစခန်းမှ စခန်းမှူးလှဌေးက “သူက ရိုးရိုးတန်းတန်း ရေနစ်ပြီးဆုံးတာပါ။ သူပျောက်တာတော့ တစ်ရက်၊ နှစ်ရက်လောက် ရှိသွားပြီးပေါ့။ အဲဒီနှစ်ရက်၊ သုံးရက်လောက်က မိုးလေတွေလည်း ရှိတယ်။ ရာသီဥတုကလည်း မကောင်းဘူးလေ။ ဆုံးသွားတာတော့ ရိုးရိုးတန်းတန်း ရေနစ်ပြီးဆုံးသွားတာပါ”ဟု ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ပေါက်တောမြို့နယ်၊ ငွေတွင်းဒွေကျေးရွာ သုသာန်တွင် သင်္ဂြိုလ်ကြောင်း သိရှိသည်။


#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.