Preview

၇ခိုင်တွင် ယခုနှစ် ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၁ ဦးရှိ

ဇွန် ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :7311
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၂၅ / ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၂ ရက်နေ့အထိ ၆ လတာ ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၁ ဦးထိရှိကြောင်း စစ်တွေမြို့၊ အမှတ် ၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းပြုစုချက်အရ သိရှိ၇သည်။

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းသေဆုံးသူဦးရေမှာ ဇန်နဝါရီလတွင် ၁၈ ယောက်၊ ဖေဖော်ဝါရီလတွင် ၉ ယောက်၊ မတ်လတွင် ၁၅ ယောက်၊ ဧပြီလတွင် ၈ ယောက်၊ မေလတွင် ၁၅ ယောက်နှင့် ဇွန်လ ၂၂ နေ့အထိ ၆ ဦးရှိပြီး ယခုနှစ် ၆ လအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော အမှုပေါင်း ၁၂၁ မှုရှိကြောင်းလည်း သိရှိ၇သည်။

ယမန်နှစ်က ပထမ ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့သော အမှုပေါင်း ၁၉၃ မှုရှိပြီး သေဆုံးသူ ၈၀ ဦးရေထိ ရှိကြောင်း သိရှိ၇သည်။

စစ်တွေမြို့၊ အမှတ် (၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး နေလင်းက “ ယာဉ်တိုက်မှုရဲ့ သဘော သဘာ၀ကတော့ လူရယ်၊ ယာဉ်ရယ်၊ လမ်းရယ်၊ ရာသီဥတုရယ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ကြတာပေါ့။ အဲတာကို ပြန်ပြီးသုံးသပ်ကြည့်တဲ့ အခါမှာတော့ လမ်းကြောင့်လည်း အဲလောက်မဖြစ်ပါဘူး။ ရာသီ ဥတု ကြောင့်လည်း အဲလောက်မဖြစ်ပါဘူး။ စက်ချွတ်ယွင်းမှုကြောင့်လည်း အဲ့လောက်မဖြစ်ပါဘူး။ အဖြစ် နည်းတယ်။ ကားသမားတွေဆိုရင်လည်း သူ့ကားက စက်ချွတ်ယွင်းနေပြီဆိုရင် မမောင်းရဲတော့ဘူး။ ့် ယာဉ်မတော်တဆမှု အားလုံးဟာ လူကြောင့် ဖြစ်တာပါဘဲ။ လူကြောင့် ဖြစ်တယ်ဆိုပေမယ့် ဒီအမှုတွေဖြစ်ပွားမှု အားလုံးဟာ ယာဉ်မောင်းသူတွေကြောင့် သက်သက် ဖြစ်တာ မဟုတ်ဘူး။ လမ်းကူးသူ၊ စက်ဘီး စီးသူတွေကလည်း နမော်နမဲ့နဲ့ လမ်းဖြတ်ကူးတာမျိုးတို့ကြောင့်လည်း ဖြစ်တတ်တယ်” ဟု ပြောသည်။

ယာဉ်တိုက်မှုမှာ ကားသမား၊ ဆိုင်ကယ်သမားများကြောင့်သက်သက်ဖြစ်ခြင်း မဟုတ်ဘဲ လမ်းသွားလမ်းလာ သူများ၏ စည်းကမ်းမလိုက်နာခြင်းကြောင့်လည်း ဖြစ်တတ်သဖြင့် ယာဉ်မောင်းသူရော ခရီးသွားပြည်သူများပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဖို့လိုကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုထက် လျော့နည်းနေသော်လည်း သေဆုံးသူဦးရေမှာ ယမန်နှစ်က နီးပါးရှိသည်။

၂၀၁၉ တစ်နှစ်လုံးတွင်ဆိုလျှင် ယာဉ်မတော်တဆဖြစ်ပွားခဲ့သောအမှုပေါင်း ၃၃၇ မှုနှင့် သေဆုံးသူ ၁၄၄ ဦး အထိ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ယာဉ်မတော်တဆဖြစ်မှု အများဆုံးဖြစ်ကြောင်း သိရှိ၇သည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.