Preview

ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့မှ ဓါးပြအဖြစ်သံသယရှိသူ ၄ ဦးကို မြန်မာနယ်စပ်အနီးတွင် သတ်ဖြတ်

ဇွန် ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :7430
နိုင်ငံတကာ သတင်း

နိရဥ္စရာ ၊ ဇွန်လ ၂၆/၂၀၂၀

ဓားပြအဖြစ် သံသယရှိနေသည့် မြန်မာနိုင်ငံမှ မူဆလင်အမျိုးသား ၄ ဦးကို ကော့စ်ဘဇားခရိုင်အတွင်းရှိ ဝေးလံသည့် တောင်ပေါ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု Bdnews24 တွင် သတင်းဖော်ပြသည်။

ရဲတပ်ဖွဲ့မှ တက်ကနက်မြို့နယ်၊ ဝါးခွပ်ချောင်းရှိ ချက်ကမာ (သက်လူမျိုး) ကျေးရွာနှင့် အိုးကီးယားမြို့နယ် ဇာလီယာပလောင်ရှိ မွန်တိုးလီနေရာ တို့ကို သောကြာနေ့ နံနက်မှ စပြီး ညနေ ၃ နာရီကျော် စီးနင်းခဲ့သည်ဟု ဆိုသည်။ 

၎င်းစီးနင်းစဉ်အတွင်း ယာဘာဆေးပြား လေးသောင်းနှင့် ဒေသအတွင်း ပြုလုပ်သည့် လက်နက် ၄ လက်နှင့် ကျည်ဆံ ၂၀ကို သိမ်းဆည်း၇မိသည်ဟု ဆိုသည်။ 

သေဆုံးသူများထဲတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အဘူလ်ဟာကိန်းအဖွဲ့မှ ညီအစ်ကိုနှစ်ဦးဖြစ်သူ ဘာချာအာမတ်နှင့် အာမစ်ဟူစိန်၊ နောက်နှစ်ယောက်မှာ မူဟာမတ်ရာဖိနှင့် မူဟာမတ် ရန်ဂီယာတို့ ဖြစ်သည်ဟု ဆိုသည်။ 

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ ဓါးပြအဖွဲ့ နှစ်ဖွဲ့ ၎င်းဒေသတွင် စုရုံးနေသည်ဟု သတင်းအရ အရေးယူဆောင်ရွက်ရန် သွားရောက်စဉ် ဓားပြများမှ သေနတ်ဖြင့် ပစ်ခတ်၍ ရဲက လက်တုံ့ပြန် ပစ်ခတ်ရာ ၎င်းနေရာတွင် လူလေးဦးကို သေနတ် ဒဏ်ရာများဖြင့် သေဆုံး၍ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

၎င်းအလောင်း ၄ လောင်းအား အိုကီးယားရဲစခန်းသို့ ယူဆာင်ခဲ့ပြီး ယင်းမှ တစ်ဆင့် ကော့စ်ဘဇားခရိုင် ဆေးရုံသို့ ရင်ခွဲ စစ်ဆေးရန် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။ 

(Bangladesh Police kill four suspected Rohingya robbers/Bdnews24)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.