Preview

စစ်တွေတွင် ရဲတပ်ကြပ်ကြီးတစ်ဦး အထိုးခံရ၍ သေဆုံး

ဇွန် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :6263
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)

စစ်တွေ၊ ဇွန် ၂၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်တွင် ယနေ့ညနေက ရဲတပ်ကြပ်တစ်ဦး အထိုးခံရ၍ သေဆုံးသွားကြောင်း သိ၇သည်။

အထိုးခံရ၍ သေဆုံးသွားသူမှာ မကျည်းမြိုင်ရပ်ကွက် အကွက်(၃)၊ ကသဲရွာအနီးနေထိုင်သည့် စစ်တွေမြို့မရဲစခန်းတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး မောင်မောင်သန်း (၄၀ နှစ်ခန့်)ဖြစ်သည်။

သူသည် ယနေ့ ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် သူ၏နေအိမ်ရှေ့၌ အထိုးခံရပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိ၇သည်။

"၈ နာရီ မိနစ် ၄၀ လောက်မှာ ဆုံးသွားပါပြီ"ဟု သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါတပ်ကြပ်ကြီးအား အမည်မသိလူနှစ်ဦးက လာရောက်ထိုးသတ်သွားခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက်ရင်အုပ်နံရိုးကြားတွင် ထိုးသွင်းဒဏ်ရာ (၈)ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မကျည်းမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်ကလည်း "သူ့အိမ်မှာဖြစ်တာလို့ ကြားတယ်။ သတင်း အတိအကျတော့ မသိသေးဘူး။ ဖြစ်လို့ပြီးတော့ ဘေးနားက လူတွေ ဆေးရုံတင်သွားတယ်လို့ကြားတယ်"ဟု နိရဥ္စရာကို အတည်ပြုပြောသည်။

သေဆုံးသွားသည့်ရဲတပ်ကြပ်ကြီးတွင် ရန်ငြိုးရန်စလည်း မရှိဟု သိ၇သည်။

ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း ကျောက်တော်မြို့မရဲစခန်းတွင် ပူးတွဲတာဝန်ကျနေသည့် ရဲအုပ်တစ်ဦး ကျောက်တော်မြို့လယ်ခေါင်တွင် အထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိ၇သည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.