Preview

မြေပုံမြို့နယ်မှ မိုင်းပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရအမျိုးသမီး ခြေထောက်ဖြတ်ရ

ဇွန် ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :539
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၃၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ညာဖက်ခြေမျက်စိအထက်နားက ပြတ်ထွက်သွားသူ အမျိုးသမီး၏ ခြေထောက်ကို ဇွန်လ ၂၉ ရက် မနက်ပိုင်းက စစ်တွေဆေးရုံတွင် ဒူးဆစ် အောက်နားကနေ ဖြတ်ပစ်ရကြောင်း သတင်းရရှိသည်။

ခြေထောက်ပြတ်သွားသော အမျိုးသမီးမှာ စညင်းကျေးရွာတွင် အိမ်ထောင်ကျနေသော ဦးချမ်းငြိမ်း၏ ဇနီး ကရင်အမျိုးသမီး ဒေါ်နန်းခမ်း (၂၀) နှစ် ဖြစ်ကြောင်း သိရှိ၇သည်။

၎င်းတို့လင်မယားနှစ်ဦးမှာ ဇန်နဝါရီလ ၂၇ ရက် နေ့လယ် ၁ နာရီခန့်က စညင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ချောင်း၌ ကဏန်းမြှုံးထောင်ရန်သွားခြင်းဖြစ်ပြီး၊ ကဏန်းမြှုံးထောင်ပြီး ၎င်းချောင်းနားက တောင်ပေါ်တွင် ဟင်းခူးနေစဉ် မိုင်းနှင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ယခုကဲ့သို့ ပြတ်သွားခြင်းဖြစ်ကြောင်း သူ့မ၏လင်ဖြစ်သူ ဦးချမ်းငြိမ်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးချမ်းငြိမ်းက “ ဘယ်သူတွေထောင်ထားတဲ့ မိုင်းဆိုတာမသိပါဘူး။ အခုကတော့ လူတွေ တော်တော် ဒုက္ခရောက်နေကြပြီ။ ပြည်သူတွေ ငါးရှာ၊ ဟင်းခူးသွားသောနေရာတွေမှာ ပစ်ခတ်မှုတွေမလုပ်ဖို့နဲ့ ပြည်သူတွေကို ပစ်မှတ်မထားဖို့ တောင်းဆိုလိုပါတယ်” ဟု ၎င်းကဆက်ပြောသည်။

၎င်းလူနာမှာ မြေပုံမြို့မှတစ်ဆင့် စစ်တွေဆေးရုံသို့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က ရောက်ရှိလာပြီး စစ်တွေပြည်သူ့ဆေးရုံကြီး အမျိုးသမီးအရိုးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသခံလျက်ရှိကြောင်း သိရှိ၇သည်။

ယင်းမိုင်းပေါက်ကွဲသည့် နေရာအနီးတဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက နှစ်ဘက် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိ၇သည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.