ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ကိုရိုနာရောဂါကူးစက်ခံရသူ ၁၂ ဦးထဲမှ ၅ ဦးဆေးရုံကဆင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလှိုင် ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူစက်ခံရသူ ၁၂ ဦးရှိပြီး ယင်းအထဲမှ ၅ ဦးမှာ ကျန်းမာရေး ပြန်လည် သက်သာကောင်းမွန်လာသဖြင့် ဆေရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ ကျွန်တော်တို့ဆီမှာ ၁ဝ ဦးရှိတယ်။ အဲဒီ အထဲက ၃ ဦးကတော့ လွန်ခဲ့တဲ့ သုံးရက်လောက်က ဆေးရုံကဆင်းသွာတယ်။ နောက်ထပ် ခုနှစ်ဦးကျန်တာပေါ့” ဟု ပြောဆိုသည်။

ကျန်းမာရေး ကောင်းမွန်လာသဖြင့် မောင်တောခရိုင်ဆေးရုံက ဆင်းသွားကြသည့် လူနာများမှာ လူနာအမှတ်စဉ် ၂၃၄ (ကျား/ ၃၈ နှစ်)၊ လူနာအမှတ်စဉ် ၂၄၄ (ကျား/၂၅နှစ်) နှင့် လူနာအမှတ်စဉ် ၂၄၇  (မ/ ၄၆ နှစ်)  တို့ ဖြစ်ကြပြီး ဘင်္ဂလာဒေ့ရှ်မှ တရားမဝင် ပြန်လာကြပြီးနောက် ၎င်းတို့တွင် ရောဂါပိုးတွေ့ရှိသူများ ဖြစ်ကြသည်။

သံတွဲဆေးရုံကြီးမှ  (ကျား/၃၅နှစ်) လူနာအမှတ်စဉ် (၁၈၈) နှင့် တောင်ကုတ်မြို့နယ်ဆေးရုံမှ (ကျား/၂၅ နှစ်) လူနာအမှတ်စဉ် ၁၉ဝ တို့ မှာလည်း ကျန်းမာရေး သက်သာကောင်းမွန်လာသဖြင့် ဆေးရုံက အသီးသီး ဆင်းသွားကြပြီ ဖြစ်သည်။ 

“ ကျွန်တော်တို့ မောင်တောခရိုင်အတွင်းမှာတော့ နောက်ထပ် ပိုးတွေ့လူနာ မတွေ့ရတော့ဘူး။ နယ်စပ်ကလည်း ခိုးဝင်သူ မရှိတော့ဘူး။ နယ်စပ်လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့က နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးထားတယ်။ ဟိုဘက်က ဒုက္ခသည် စခန်းတွေကိုလည်း အသိပေးထားတယ်။ တရားမဝင် ဝင်လာရင် ဖမ်းမယ်ဆိုပြီးတော့။ အဲဒါကြောင့် အခု ဝင်လာသူလည်း မရှိတော့ဘူး”ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ဇွန်လ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ်လှဖိုးခေါင်စခန်းတွင် ကွာရင်တင်း ဝင်နေသူ လူနာအမှတ်စဉ် ၂၉၃ တွင် ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်ပိုင်း ရောဂါပိုးတွေ့ရှိသူ ရခိုင်ပြည်နယ်တွင် ယနေ့ထိ ထပ်မတွေ့ရှိရသေးဟု သိရသည်။ 

ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် ကိုဗစ် ၇ ဦးအထဲတွင် စစ်တွေဆေးရုံကြီးတွင် တစ်ဦး၊ မောင်တော ဆေးရုံတွင် ၄ ဦးနှင့် ဘူးသီးတောင်တွင် နှစ်ဦးတို့ ဖြစ်ကြသည်။  

ယနေ့ ဇူလှိုင်လ ၂ ရက် နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်း ဒေသကြီးတွင် အသက် (၁၈) နှစ်အရွယ် လူနာအမှတ်စဉ် ၃ဝ၄ တွင် ပိုးတွေ့တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင် ဇူလှိုင်လ ၂ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက် စာရင်းအရ ကိုရိုနာ ကူးစက်ခံနေရသူ ၃ဝ၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့့ရှိရဘဲ သက်သာလာသူ ၂၂၂ ဦး၊ စောင့်ကြည့်လူနာ ၅၉၉၃ ဦးနှင့် ဓာတ်ခွဲ စစ်ဆေးခဲ့သူပေါင်း ၇၇၇၆၆ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ဆက်စပ် သတင်းများ