Preview

ဖားကန့် မြေစာပုံပြိုကျ၍ သေဆုံးသူများထဲတွင် ၇ခိုင်လူမျိုး အလောင်း၂၈ လောင်းတွေ့ရှိထား၊ ဒဏ်ရာရရှိထားသူ ၂၀ အထက်ရှိ

ဇူလိုင် ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :4945
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၃/ ၂၀၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတွင် ဇူလိုင် ၂ ရက်နေ့ ယနေ့နံနက် ၈ နာရီခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူများထဲတွင် ၇ခိုင်အမျိုးသား အလောင်း ၂၈ လောင်း တွေ့ရှိထားပြီး ဒဏ်ရာရရှိထားသူ ၂၀ အထက်ရှိနေကြောင်း ရခိုင်ပြည်နယ်မှ ဖားကန့်သို့ ရောက်ရှိနေပြီး သေဆုံးသူများ၏ အလောင်းကို ရှာဖွေရာတွင် ပါဝင်သူ  ကိုဌေးဝင်းက ပြောသည်။

ကိုဌေးဝင်းက “၂၈ လောင်းတွေ့ထားပါပြီ။ ၇ခိုင်က ၂၉ လောင်းမှာ နောက်တစ်လောင်းက ရှာနေဆဲပါ။ အလောင်းတွေကတော့ မစုံသေးဘူး။ ထပ်ရှာနေပါသေးတယ်။ ထပ်ရမယ့်အလောင်းတွေထဲမှာ ရခိုင်ပါလာဦးမလားတော့ မပြောတတ်သေးပါဘူး။ ကျွန်တော်တို့ ရထားတဲ့စာရင်းမှာတော့ အခုအချိန်ထိ ၇ခိုင်က ၂၈ လောင်းနဲ့ ရှာဖွေနေဆဲဖြစ်တဲ့ နောက်တစ်လောင်းရယ်ပါ။ အခု၇ထားတဲ့ ၂၈ လောင်းမှာ ပေါက်တောမြို့နယ်က အများဆုံးပါနေပါတယ်။ လောလောဆယ် ပျောက်နေသေးတဲ့ အလောင်းတွေကို ထပ်ရှာနေသေးတာဆိုတော့ ပေါက်တော ဘယ်ရွာတွေကပါနေလဲ၊ ဘယ်မြို့နယ်တွေကပါနေလဲဆိုတာတော့ အတိကျပြောဖို့ ခက်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူအလောင်း ၂၈ လောင်းတွေ့ရှိထားသည့်အပြင် ဒဏ်ရာရရှိထားသူ ၇ခိုင်အလုပ်သမား ၂၀ အထက်လည်း ရှိနေကြောင်း၊ ယင်းထဲမှ ဒဏ်ရာပြင်းထန်သူတို့မှာ မြစ်ကြီးနားမြို့နှင့် တခြားနီးစပ်ရာ မြို့နယ်များသို့ သွားရောက်ဆေးကုလျှက်ရှိကြောင်း ၄င်းက ပြောသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းဖြစ်ပြီး မိုးရွာသွန်းမှုများသောကြောင့် မြေစာပုံများ ပြိုကျကာ ကျောက်တွင်းထဲ၌ ကျောက်ရှာဖွေနေသူများ နွံနစ်ပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်း သိ၇သည်။

ယနေ့ နံနက် ၉ နာရီခွဲထိ သေဆုံးသူအလောင်း ၂၁၀ ခန့်ရရှိနေပြီဖြစ်ကြောင်း ကျန်ရှိနေသေးသည့် အလောင်းများအား ဖားကန့်မြို့နယ် မီးသတ်ဌာန၊ ကြက်ခြေနီအသင်းနှင့် တခြားပရဟိတအသင်းတို့မှ ကူညီရှာဖွေ ကယ်ဆယ်လျှက်ရှိကြောင်း ၄င်းက ပြောသည်။

ကိုဌေးဝင်းက “ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ ရှုပ်နေတာမို့ အလောင်းတွေကို လိုက်စုနေတုန်းမို့ ဘယ်မြို့နယ် တွေက ပါနေလဲ စစ်ဖို့ အချိန်မရသေးဘူး။ တခြား ဖေ့စ်ဘုတ်ပေါ်မှာ တက်နေတဲ့ ဟို ၇ခိုင်က ၆၆ လောင်း ၇ထားပြီတို့၊ ဘယ်မြို့က ဘယ်နှစ်ယောက်တို့ပါတယ်ဆိုတာတွေက ကောလာဟလတွေပါ။ အခုအချိန်မှာ အဲဒါတွေကို မယုံစေချင်ဘူး” ဟု ဆက်ပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရရှိထားသည့် အလောင်းများထဲမှ မိသားစုနှင့် နီးစပ်သူတို့၏ အလောင်းများအား ၄င်းတို့အစီစဉ်ဖြင့် သင်္ဂြိုလ်ရန် ယူဆောင်သွားခဲ့ကြကြောင်း၊ မိသားစုဝင်များနှင့် ဝေးနေသူများ၏ အလောင်းများအား ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပရဟိတအသင်းတချို့တို့က ဝှေခါသင်္ချိုင်း၌ သင်္ဂြိုလ်ပေးလျှက်ရှိကြောင်း သိ၇သည်။

ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းသွားရောက် ရှာဖွေသူ သုံးသိန်းခန့် ရှိကြောင်း ကိုဌေးဝင်းက ပြောသည်။

(Photo by Arakan Lay)



#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.