ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဖြစ်ပွားသည့်နိုင်ငံစာရင်းတွင် ဘင်္ဂလာဒေ့ရှ် အဆင့် ၈ သို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဇူလိုင် ၅/၂ဝ၂ဝ (နိုင်ငံတကာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ဘင်္ဂလားဒေ့ရ်ှသည် ကမ္ဘာလုံးဆိုင်ရာ အပတ်စဉ် အသစ်ဖြစ်ပွားမှုနှုန်းတိုးပွားလာရာတွင် အဆင့် ၈သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၇ ရက်အတွင်း Covid-19 ဖြစ်ပွားမှုအသစ် ၂၆,၅၉၈  ဦးတွေ့ရှိမှုနှင့် အတူ ဘင်္ဂလာဒေ့ရှ် သည်အဆင့် ၈ သို့ ရောက်ရှိလာခြင်းကို WHO Dashboard တွင် နိုင်ငံများ၊ နယ်မြေ ဒေသများနှင့် ဒေသများတွင် ကူးစက်ရောဂါအခြေအနေကို ပြသခဲ့ရာတွင် ဖော်ပြသည်။ 

လွန်ခဲ့သည့် သောကြာနေ့တွင်ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် Coronavirus ကူးစက်မှုအသစ် ၃၁၁၄ ခုနှင့်ပြီးခဲ့သည့် ၂၄ နာရီအတွင်း သောကြာနေ့ မနက်အထိ ၄၂ ဦး သေဆုံးခဲ့သည်။ 

ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးသူ ၁၉၉၇ ဦး ရှိသွားပြီ ဖြစ်ကာ သေဆုံးပြီး ၁၅၉၆၇ ၉ ဦး ပြန်လည်ကောင်းမွန်လာသူ ၇ဝ၇၂၁ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ ရောဂါပိုး ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲခန်း စစ်ဆေးသူ ၈၁၉၇၇ ဦး၊ ပြန်လည် သက်သာလာသူ ၂၄ဝ ဦးနှင့် စောင့်ကြည့် လူနာ  ၆ဝ၇၉ ဦးရှိကြောင်း သိရသည်။ 

အာရှနိုင်ငံများတွင် သေဆုံးမှု အများဆုံးမှာ အိန္ဒိယ ဖြစ်ပြီး ၁၈၆၅၅ ဦးသေဆုံးခဲ့ကာ ဒုတိယ အများဆုံးမှာ အီရန် ဖြစ်ပြီး သေဆုံးသူ ၁၁၂၆ဝ  ဦးရှိသည်။ တူရကီတွင် သေဆုံးသူ ၅၁၈၆ ရှိပြီး တရုတ်တွင် ၄၆၅၁ ဦးနှင့် ပါကစ္စတန်တွင် ၄၆၁၉ ဦးရှိသည်။

အမေရိကန်နိုင်ငံတွင် ရောဂါပိုးတွေ့သူ ၂၇၉၄၃၂၁  ဦး ရှိပြီး သေဆုံးသူမှာ ၁၂၉၄၃၄ ဦးရှိကြောင်း သိရသည်။ ဘရာဇီးလ်တွင် ရောဂါပိုးတွေ့သူ ၁၅၃၉ဝ၈၁ ဦး ရှိပြီး သေဆုံးသူမှာ ၆၃၁၇၄ ဦးရှိကြောင်း၊ မက္ကစီကိုတွင် ရောဂါဖြစ်သူပေါင်း ၂၄၅၂၅၁  ဦးရှိပြီး သေဆုံးသူမှာ ၂၉၈၄၃  ဦးရှိကြောင်း  သိရသည်။

ဗြိတိန်တွင် သေဆုံးသူ ၄၄၁၃၁ ဦး၊ အီတလီတွင် သေဆုံးသူ ၃၄၈၃၃ ဦး၊ ပြင်သစ်တွင် ၂၉၈၉၃ ဦး၊ စပိန်တွင် ၂၈၃၈၅ဦးနှင့် ရုရှားတွင် ၉၈၅၉ ဦးရှိကြောင်း European Centre for Disease Prevention and Control တွင် ဖော်ပြထားသည်။ 

တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူမှာ ၅၂၅၄၉၉  ဦးရှိပြီး ရောဂါ ကူးစက်ခံရသူမှာ ၁၁ဝ၉၂ ၄၂၅ ဦး ရှိကာ  ပြန်လည် ကျန်းမာရေးကောင်းလာသူမှာ ၅၈၉၂ ဝဝ၃ ဦး ရှိကြောင်း The Daily Star တွင် ဖော်ပြထားသည်။ 

Ref: https://www.ecdc.europa.eu/en/geographical-distribution-2019-ncov-cases

Ref: Bangladesh now 8th in global weekly increase of Covid-19 cases: WHO


ဆက်စပ် သတင်းများ