စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကြောင့်သေဆုံးသူ ၂ဝဝဝ ကျော်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇူလိုင် ၇/၂ဝ၂ဝ (နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယမန်နေ့ တနင်္လာနေ့ထိ သေဆုံးသူမှာ ၂ဝ၉၆ ဦးရှိသွားပြီဟု သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာကြောင့် သေဆုံးသူ ၄၄ ဦးရှိကာ ၁၄၂၄၅ နမူနာကို စစ်ဆေးရာ၌ လူပေါင်း ၃၂ဝ၁ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူပေါင်းမှာ ၁၆၅၆၁၈ ဦးရှိသွားပြီ ဖြစ်သည်။ 

ဘင်္ဂလာဒေ့ရှ်တွင် ၂ဝ၂ဝ မတ်လ ၈ ရက်နေ့က ရောဂါပို့ရှိသူကို စတင်တွေ့ရှိခဲ့ပြီးနောက် နေ့စဉ် ၎င်းကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေမှုများ ရှိနေခြင်းဖြစ်သည်။ 

ဘင်္ဂလာဒေ့ရှ်တွင် တနင်္လာနေ့ ညနေထိ ရောဂါပိုးတွေ့ရှိရာမှ ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၇၆၁၄၉ ဦးရှိသည်။

တနင်္လာနေ့ ညနေထိ ကမ္ဘာတစ်ခုလုံးတွင် ရောဂါပိုး ကူးစက်ခံရသူ ၁၁၄၅၈၂၉၁ ဦးရှိပြီး သေဆုံးသူ  ၅၃၄၅ဝ၄ ဦးရှိကာ ပြန်လည်သက်သာကောင်းမွန်လာသူမှာ  ၆၁၈၇၉ဝ၃ The Daily Star တွင် ဖော်ပြသည်။ 

(Bangladesh's coronavirus death toll rises to 2,096/ The Independent) 


ဆက်စပ် သတင်းများ