နိရဥ္စရာ၊ ဇူလိုင် ၉/၂၀၂၀ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေး လာသူများနေထိုင်သည့် မူဆလင်ဒုက္ခသည်စခန်းမှ ယာဘားရောင်းဝယ်သူ ၃ ဦးသည် ယနေ့နံနက်က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ (BGB) နှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခု အတွင်း သေဆုံးသွားသည်ဟု အိုကီးယားနယူးတွင် သတင်းဖော်ပြသည်။
သေဆုံးသူ သုံးဦးမှာ နုရ်အာလမ်၊ ဟာမစ်နှင့် နာဇီယာဟူစိန်တို့ ဖြစ်ကြပြီး သူတို့မှာ အိုကီးယားမြို့နယ်ရှိ ဘာလုခါလီ ဒုက္ခစခန်းအပါဝင် တစ်ခြားစခန်းများက ဖြစ်ကြသည်ဟုဆိုသည်။
ယနေ့နံနက်က ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ ရာဇာပလောင်ရှိ တူလတာလီဧရိယာအတွင်း ဖြစ်ပွားသော ပစ်ခတ်မှု အတွင်း သေဆုံးသွားသည်ဟု ဆိုသည်။
ကော့စ်ဘဇား အခြေစိုက် အမှတ် (၃၄) BGB တပ်ရင်းမှ တပ်ရင်းမှူး အာလီဟိုင်ဒါအာဇတ်အာမတ်က သူတို့ သုံးဦးမှာ ယာဘားရောင်းဝယ်သူများဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာမှ ယာဘားစိတ်ကြွဆေးပြား သုံးသိန်းနှင့် လက်နက်များကို သိမ်းဆည်းရမိကြောင်း၊ အသေးစိတ် သတင်းစာရှင်းပွဲကို များမကြာမီ ပြုလုပ်သွားမည်ဟု ပြောသည်။
3 Rohingya yaba traders killed in Ukhiya gunfight