Preview

ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံခဲ့ရသည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးအားဖမ်းဆီးပြီး ယနေ့ စွဲချက်တင်

ဇူလိုင် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :9011
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၀

ငြိမ်းစုစီပုဒ်မဖြင့်  အမှုဖွင့်ခံခဲ့ရသည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးအား ဖမ်းဆီးပြီး ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် တရားရုံး၌ စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

၄င်းတို့နှစ်ဦးမှာ ကျောက်ဖြူမြို့ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ ဥက္ကဋ္ဌ ကိုနေတိုးခိုင်နှင့် အကြံပေးအရာရှိ ကိုမင်းဇအောင်တို့ဖြစ်ကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် (စစ်တွေ) မှ ကိုမင်းဘာချေက ပြောသည်။

ကိုမင်းဘာချေက “ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ခဲ့တယ်။ ဒီဇူလိုင် ၆ ရက်နေ့က ရုံးချိန်းခေါ်ခဲ့တယ်ပေါ့။ အဲဒီကိုမလာလို့ အခု တရားခံပြေးအဖြစ်နဲ့ ဖမ်းထားတာ။ ဒီနေ့ တရားရုံးမှာ စွဲချက်တင်တယ်။ ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ အမှုဖွင့်တာ။ တရားစွဲတယ်ပေါ့။ ကျွန်တော်တို့လည်းအခု အဲဒီကို ကွန်ရက်အနေနဲ့ ရောက်နေကြပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ အင်တာနက်ပိတ်ဆို့ထားမှုတစ်နှစ်ပြည့်နေ့တွင် ကျောက်ဖြူမြို့နယ်အဝင်၀၌ ၇ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် အင်တာနက် ပြန်လည်ဖွင့်ပေးရေးအတွက် ကျောက်ဖြူမြို့ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ လူငယ်တစ်ချို့က လှုပ်ရှားမှုတစ်ခု ပြုလုပ်တောင်းဆိုခဲ့ပြီးနောက် ယင်းအသင်း ဥက္ကဋ္ဌ ကိုနေတိုးခိုင်နှင့် အကြံပေးအရာရှိ ကိုမင်းဇအောင်တို့မှာ ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိ၇သည်။

ကိုမင်းဇအောင်၏ ညီတော်စပ်သူ ကိုမင်းမင်းက “သူတို့ကို ပထမဆုံး ငြိမ်းစုစီနဲ့ အမှုဖွင့်တယ်။ အဲဒီမှာ ဒီလ ၆ ရက်နေ့က ရုံးချိန်းကိုမလာလို့ဆိုပြီး အခု တရားခံပြေးနဲ့ ဖမ်းထားတာ။ အဲဒီတုန်းက သူကခရီးလွန်နေတော့ စစ်တွေက ပြန်ရောက်တာနဲ့ ဖမ်းသွားတာ။ အခု သူတို့ ရဲစခန်းမှာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ နှစ်ဦးအား ကျောက်ဖြူမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိ၇သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အဝင်၀၌ ၇ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် အင်တာနက် ပိတ်ဆို့ထားမှု တစ်နှစ်ပြည့်နေ့က အင်တာနက် ပြန်ဖွင့်ပေးရေး ရမ်းဗြဲလူငယ်ကွန်ရက်မှ လူငယ်အချို့က လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီး တောင်းဆိုခဲ့ပြီးနောက် ယင်းကွန်ရက်မှ ချိတ်ဆက်ရေးတာဝန်ခံ ကိုမျိုးမင်းထွန်းမှာလည်း ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခံခဲ့၇သည်။

ထိုသို့ အမှုဖွင့်ခံခဲ့၇ပြီးနောက် ဇွန်လ ၂၅ ရက်နေ့က ရမ်းဗြဲမြို့နယ်တရားရုံးက ကျပ်ငွေ နှစ်သောင်း ဒဏ်ဆောင်ရန် အမိန့်ချမှတ်ခဲ့ကာ အမှုအား ကျေအေးပေးလိုက်ကြောင်း သိ၇သည်။


#အင်တာနက်လိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.