Preview

စစ်တွေမြို့မှ လူနာအမှတ် ၂၉၂ ကိုရိုနာဗိုင်းရပ်ပိုး ထပ်မတွေ့တော့၍ ဆေးရုံမှဆင်းခွင့်ရ

ဇူလိုင် ၁၄/ ၂၀၂၀ | ကြည့်ရှုသူ :9213
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၁၄/၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ၇သည့် လူနာအမှတ် ၂၉၂ အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ရှိ၇တော့သဖြင့် ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအား နှစ်ကြိမ်တိတိ စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိတော့၍ ဆေးရုံမှ ဆင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

ဒေါက်တာဇော်လွင်က “ ရောဂါလုံး၀ကောင်းမွန်သွားပါပြီ။ ဒါကြောင့် ဒီနေ့ မနက်က ဆင်းခွင့်ပြုလိုက်ပါပြီ။ နှစ်ကြိမ်စစ်တာ negative(ပိုးမတွေ့ရှိ) နှစ်ကြိမ်စလုံးဖြစ်သွားလို့ပါ။” ဟုပြောသည်။

အဆိုပါ ရောဂါကောင်းမွန်သွားသူ စစ်တွေမြို့တွင် နေထိုင်သူမှာ မောင်တောနယ်စပ်ကုန်သွယ်ရေး ဝန်ထမ်းတစ်ဦးဖြစ်သည်။ ၎င်းသည် ဇွန်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြန်လာသည့် စက်လှေတစ်စီးဖြင့် စစ်တွေမြို့သို့ လှေကြုံလိုက်လာပြီးနောက် နာမည်ကြီးဟိုတယ်တစ်ခုတွင် ကွာရန်တင်းဝင်နေခဲ့သူဖြစ်ကာ ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သူ့တွင် ရောဂါပိုးတွေ့ရှိကြောင့် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးအနက် ၈ ဦးမှာ ရောဂါကောင်းမွန်သွားပြီး ဆေးရုံက ဆင်းခွင့်ရရှိခဲ့ကြပြီဖြစ်သည်။

ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သူများမှာ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉၀၊ မောင်တောဆေးရုံမှ လူနာအမှတ်  ၂၃၄၊ ၂၄၄၊ ၂၄၇ ၊ ဘူးသီးတောင်ဆေးရုံမှ လူနာအမှတ် ၂၅၀၊ ၂၆၂ နှင့် စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူ ၃၃၆ ဦးရှိပြီဖြစ်ကာ ကုသမှုခံယူပြီးနောက် ရောဂါကင်းစင်လာသူ ၂၆၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရသိ၇သည်။


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.