နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၀
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးမှုရှိနေရာ ယနေ့ တစ်နေ့တည်းအတွင်း သေဆုံးသူ ၃၉ ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူမှာ အရေအတွက်မှာ ၂၄၉၆ ဦးရှိသွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ ၂၇၃၃ ဦးရှိပြီး တစ်နိုင်ငံလုံးရောဂါပိုးတွေ့ရှိသူမှာ ၁၉၆၃၂၃ ဦးရှိသွားပြီ ဖြစ်သည်။
ပြန်လည်သက်သာလာသူမှာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၉၄၀ ဦးရှိပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြန်လည် ကျန်းမာကောင်းမွန်လာသူမှာ ၁၀၆၉၃၆ ရှိသည်။
Johns Hopkins တက္ကသိုလ် ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် ကိုရောနာရောဂါ ကူးစက်ခံ၇သူ ၁၃ ဒသမ ၃ သန်းရှိပြီး သေဆုံးသူမှာ ၅၈၄၀၀၀ ဦးရှိပြီဟု သိရသည်။ ပြန်လည် သက်သာ ကောင်းမွန်လာသူမှာ ၇ ဒသမ ၅ သန်းရှိသည်ဟု ဖော်ပြထားသည်။
Bangladesh sees 2,733 new coronavirus cases, 39 deaths