Preview

ရသေ့တောင်မြို့နယ် မယူကမ်းရှိ ညောင်ပင်လှနှင့်သဇင်မြိုင်နယ်ခြားစောင့်စခန်း ရုပ်သိမ်း

ဇူလိုင် ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :5925
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၁၉/၂၀၂၀

ရခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်၊ မယူကမ်း၊ စေတီပြင်နယ်မြေမှ နယ်ခြားစောင့် စခန်းနှစ်ခုဖြစ်ကြသည့် ညောင်ပင်လှနှင့် သဇင်မြိုင်နယ်ခြားစောင့် စခန်းတို့ကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရုပ်သိမ်းသွားကြောင်း သတင်းရရှိသည်။ 

နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ညောင်ပင်လှ ကျေးရွာ အရပ်လူကြီး တစ်ဦးက “ စခန်းက တပ်ဖွဲ့ဝင်တွေကို မွန်းလွဲ ၂ နာရီကျော်ကနေ စခန်းကနေ ထွက်ခွာသွားပါတယ်။ ကျနော်တို့ ညောင်ပင်လှ ရွာမြောက်ဘက်ကို ထွက်ခွာသွားပါတယ်။ တစ်ယောက်မှ စခန်းမှာ မကျန်တော့ပါ” ဟု ပြောကြားသည်။

၎င်းနောက် စခန်းတစ်ခုလုံး မီးလောင်နေသည်ကို ညနေ ၆ နာရီခန့်တွင် မြင်တွေ့ခဲ့၇သည်ဟု ပြောသည်။

“ အခု စခန်းတစ်ခုလုံး မီးလောင်နေပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ မပြောနိုင်ဘူး။ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးနေကြပါတယ်။ ကျနော်တို့ ညောင်ပင်လှမှာ အိမ်ခြေ ၅၂ ဆောင်ရှိပါတယ်။ ဒီလို အခြေအနေမှာ ဘယ်သူမှ ရွာမှာ မနေရဲတောပါ” ဟု ပြောသည်။

အလားတူ ညောင်ပင်လှ စခန်း မြောက်ဘက် ၅ မိုင်ခန့် အကွာ မေယုတောင်ခြေရင်းတွင် တည်ရှိသည့် သဇင်မြိုင်နယ်ခြားစောင့်စခန်းကို ရုပ်သိမ်းသွားသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။ ၎င်းစခန်းသည် ယခုနှစ် မေလ ၂၉ ရက်နေ့က AA၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင် ၄ ဦးကျဆုံးကာ တစ်ချို့မှာ ပျောက်ဆုံးခဲ့သည်။

သဇင်မြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျနော်တို့ မြင်တာက ညနေ ၃ နာရီမှာ စခန်းကနေ အားလုံးထွက်ခွာသွားကြပါတယ်။ သဇင်မြိုင်စခန်းမှာ အင်အား ၆၀ လောက်ရှိပါတယ်။ စခန်းကို စွန့်ခွာသွားပြီနောက် စေတီပြင်နယ်မြေ နယ်ခြားစောင့်စခန်းမှာ သွားပေါင်းကြပါတယ်။ ဘာကြောင့် စခန်းကို စွန့်ခွာသွားကြတယ်ဆိုတာ မသိ၇ပါဘူး” ဟု ပြောသည်။ 

၎င်းသဇင်မြိုင်စခန်းတစ်ခုလုံးလည်း ညနေပိုင်းတွင် မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံက ဆိုသည်။ ၎င်းမီးရှိုမှုကို မည်သူက ပြုလုပ်သည်ကို မသိရှိ၇ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းသို့ ဆက်သွယ်ရာ ၎င်း သတင်းသူမရရှိသေးကြောင်း ပြောသည်။

“ အဲဒီ သတင်းမရသေးဘူး။ တကယ်လို့ အဲဒီနယ်ခြားစောင့်စခန်းတွေရုပ်ရင်တော့ တင်ပြလာပါလိမ့်မယ်” ဟု ပြောကြားသည်။ 

ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်မှ စစ်ဆင်ရေးပြုလုပ်နေသဖြင့် ကျောက်တန်းနယ်မြေတွင် AA တပ်ဖွဲ့နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး မြို့နယ်၏ အနောက်တောင်ဘက် ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက်၊ ဆင်ပိုက်ကျေးရွာများမှ ရွာသားများလည်း အနီးအနားတွင် တိုက်ပွဲများဖြစ်ပွားမှုများရှိခဲ့မှုကြောင့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြသလို  စေတီပြင်နယ်မြေတွင်လည်း နယ်ခြားစောင့် စခန်းနှစ်ခုကို ရုပ်သိမ်းသွားသဖြင့် တိုက်ပွဲများ နယ်မြေအနှံ့ ကျယ်ပြန့်လာမည်ကို ဒေသခံလူထုအတွင်း စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။


#စစ်ရေးစစ်ရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.