Preview

တောင်ကုတ်မြို့နယ်တွင် ရဲတပ်သားတစ်ဦး သတ်သေ

ဇူလိုင် ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :3572
မှုခင်း သတင်း

အိ်မ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးမှာ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်၍သတ်သေသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ရဲတပ်သား သက်ထွဋ္ဋ်အောင်(၃၄)နှစ်ဖြစ်ပြီး မေ့စေ့အောက်ကနေ ၄င်း၏ သေနတ်ဖြင့် ပစ်ခတ်၍သတ်သေသွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ရဲမှူး သန်းနိုင်က နိရဥ္စရာသတင်းဌာနအား အတည်ပြု ပြောဆိုသည်။

“သူစိတ်ကယောင်ချောက်ချားဖြစ်ပြီးတော့ပါ။ သူကျန်းမာရေးမကောင်းဘူး။ စိတ်ရောဂါပေါ့။ သူ့သေနတ်နဲ့ သူပစ်လိုက်တာ။ ရဲတပ်သားပါ။ သေမှု၊သေခင်းဖွင့်ပြီးစစ်ဆေးနေတာပေါ့။ သူ့ကိုယ်သူ သတ်သေတာ အမှန်ပဲလားဆိုပြီးတော့ပေါ့” ဟု ရဲမှူးက ပြောသည်။

ရွာမကျေးရွာမှ ဦးထွန်းထွန်းဝင်းက “သေနတ်သံတော့ မကြားလိုက်ပါဘူး။ အလောင်းကို သယ်သွားတာ မြင်လိုက်တယ်။ သူက အရက်အသောက်များလို့ စိတ်ကြောင်နေတာလို့အသိရဲတွေဆီက သိ၇တယ်” ဟုပြောသည်။

သေဆုံးသူ ရဲတပ်သား သက်ထွဋ္ဋ်အောင်မှာ တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာသားတစ်ဦးဖြစ်ကြောင်း သိ၇သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိ၇သည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.