Preview

ကိုလံဘီယာစစ်ဘက်ရဟတ်ယာဉ်ပျက်ကျမှုကြောင့်လူကိုးဦး သေဆုံး

ဇူလိုင် ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :1426
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇူလိုင် ၂၂/၂၀၂၀ (နိုင်ငံတကာ)

ကိုလံဘီယာတွင် စစ်ဘက်၇ဟတ်ယာဉ်တစ်စီးပျက်ကျပြီးနောက် အနည်းဆုံးလူ ၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ၇ခဲ့သည် ကိုလံဘီယာစစ်တပ်က အင်္ဂါနေ့ကပြောကြားခဲ့သည်။

လူ ၁၇ ယောက်တင်ဆောင်လာသော UH-60 Black Hawk ရဟတ်ယာဉ်၏ အပျက်အစီးများကို ကိုလံဘီယာ အရှေ့တောင်ဘက် Inirida မြစ်တလျှောက်တွင်တွေ့ရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူများကိုအနီးအနားရှိဆေးရုံတစ်ခုသို့ပို့ဆောင်ထားပြီးအထူးကယ်ဆယ်ရေးအဖွဲ့သည်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်ဟု စစ်တပ်မှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၇ဟတ်ယာဉ်ပေါ်တွင် ကိုလံဘီယာတပ်မတော်မှ စစ်သား ၁၇ ယောက် လိုက်ပါသွားကြောင်း  အစောပိုင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ကိုလံဘီယာစစ်ဘက်ဆိုင်ရာစစ်ဌာနချုပ်၏ အဆိုအရ အဆိုပါ ရဟတ်ယာဉ်သည် တနင်္လာနေ့ မနက်အစောပိုင်း က မပျက်ကျမီ Guaviare  ဌာနရှိ ဖွဲ့စည်းထားသော လက်နက်ကိုင်အုပ်စုအား တိုက်ခိုက်သော စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်ဟုဆိုသည်။ 

စစ်တပ်လေကြောင်းဌာနသည် စစ်ရဟတ်ယာဉ် မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်းကို စုံစမ်းရန် ကျွမ်းကျင်သူများကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ 


#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.