Preview

တက်ကနက်ပစ်ခတ်မှုအတွင်း ဒုက္ခသည်စခန်းမှစိတ်ကြွဆေးပြားရောင်းဝယ်သူ နှစ်ဦးသေဆုံး

ဇူလိုင် ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :9656
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၀ (နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက် (ကယုချောင်း) မြို့နယ် အတွင်း ရဲနှင့် ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်စခန်းမှ ယာဘာဆေးရောင်းဝယ်သူ နှစ်ဦးသေဆုံးသွားသည်ဟု The Independent တွင် သတင်းဖော်ပြသည်။ 

၎င်းပစ်ခတ်မှုမှာ ယမန်နေ့ ညနေက တက်ကနက်မြို့နယ် Chhurikhal နယ်မြေတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သေဆုံးသူနှစ်ဦးမှာ အိုကီးယားမြို့နယ် ဘာလုခါလီဒုက္ခသည်စခန်းမှ  Md Ferdous  အသက် ၃၀ နှစ် (ဘ)  Habib Ullah  နှင့်  Md Abdus Samad အသက် ၃၅ နှစ် (ဘ)  Syed Ahmed (ကွယ်လွန်)၏ တို့ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။  

ယာဘားဆေးပြားအမြောက်အမြားကို မှောင်ခိုတင်သွင်းလာမည်ဟု သတင်းရရှိသဖြင့် နတ်မြစ်ကမ်းဘေးတွင် လာဒါ ရဲကင်းစခန်းမှ ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယာဘားမှောင်ခိုသမားများသည် နတ်မြစ်ကို ရေကူးပြီး ဝင်ရောက်လာပြီးနောက် အနီးသို့ ချဉ်းကပ်စဉ် ၎င်းမှောင်ခိုသမားများမှ စတင်ပစ်ခတ်သဖြင့် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများကယ်တင်ခဲ့ပြီး တက်ကနက်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ရာ ဆရာဝန်မှ သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ 

၎င်းတိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ သုံးဦးဒဏ်ရာရရှိခဲ့ပြီး စိတ်ကြွဆေးပြား ၂ သိန်း တစ်သောင်းကျော် ဖမ်းမိခဲ့သည်ဟု ဆိုသည်။ 

(မှတ်ချက်- သတင်းတွင် ၎င်းတို့သည် မည်သည့်ဘက်မှ ရေကူးဝင်လာသည်ကို ဖော်ပြထားခြင်းမရှိပါ။)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.