Preview

ရခိုင်တွင် မဲပေးခွင့်ရမည့် မဲဆန္ဒရှင်ပြည်သူ ၁၆ သိန်းစာရင်း ကော်မရှင်ရုံးခွဲများတွင်ကပ်

ဇူလိုင် ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :2356
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)


နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၀


လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲဆန္ဒရှင် တစ်သန်းခြောက်သိန်းကျော် မဲပေးခွင့်ရမည် ဖြစ်ရာ ၎င်းစာရင်းကို ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများ၏ ကော်မရှင်ရုံးခွဲများတွင် စတင်ကပ်ထားသည်ဟု သတင်းရရှိသည်။

 

အဆိုပါမဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ရ ရက်နေ့ထိ ၁၄ ရက်တိုင်တိုင် ကပ်ထားမည်ဟု သိ၇သည်။

 

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုယ့်နာမည်ပါ/မပါ၊ အိမ်ထောင်စုရင်းပါ မဲပေးနိုင်သူ မိသားစုများ ပါ/မပါကို မဲစာရင်း ကပ်ထားရာနေရာသို့ သွားရောက် စိစစ်ရန်နှင့် အကယ်၍ ကိုယ့်နာမည်မပါဝင်ပါ ပုံစံ (၃) တွင် ဖြည့်ပြီး ရပ်ကွက် ကော်မရှင် ရုံးခွဲများသို့ တင်ပြနိုင်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။ 

 

မဲဆန္ဒရှင်များအနေဖြင့်မဲစာရင်းကပ်ထားကြေညာစဉ်မဲစာရင်းလာရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်ပါကအောက်ပါ လုပ်ငန်းစဉ် (၃) မျိုးကို ဆောင်ရွက်နိုင်ကြောင်း သိရှိ၇သည်။ 

 

နံပတ်(က) မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ နံပတ် (ခ) မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊နံပတ် (ဂ)မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။


လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ၇ယူနိုင်ကြောင်း သိရှိ၇သည်။  

 

ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလတွင် (နောက်ဆုံးအကြိမ်) အဖြစ်၁၄ရက်ကြာ (ထပ်မံ) ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ (ထပ်မံ) ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိ၇သည်။ 

 

လက်ရှိ ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီပေါင်း ၁၈ ပါတီက ဝင်ပြိုင်ရန် အခြေအနေရှိပြီး မဲရုံပေါင်း ၂၅၉၆  ရှိမည် ဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားစည်းလုံးရေးပါတီ (တစည)မှ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှာ ရခိုင်ပြည်နယ် အခြေစိုက် ပါတီများနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိ၇သည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.