Preview

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း သရဖီ ကျေးရွာအနီး တိုက်ပွဲဖြစ်

ဇူလိုင် ၂၇/ ၂၀၂၀ | ကြည့်ရှုသူ :9112
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရဖီ ကျေးရွာအနီးတွင် ယနေ့ နံနက်က ၉ နာရီမှ စတင်ပြီး ယနေ့ ညနေပိုင်းထိ မြန်မာတပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

သရဖီကျေးရွာ အရပ်လူကြီးတစ်ဦးက “ ရွာအနီးက တောင်ချိုင်မှာ ဖြစ်နေကြပါတယ်။ မနက် ၉ နာရီကနေ ပစ်နေကြတာ အခုညနေထိ ကြားနေရပါတယ်။ လက်နက်ကြီး လက်နက်သံရော အစုံကြားနေ၇ပါတယ်” ဟု ယနေ့ ညနေ ၆ နာရီကဆက်သွယ်စဉ် ပြောကြားသည်။

သရဖီကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ရခိုင်၊ ခမီး၊ မြိုတိုင်းရင်းသားများ နေထိုင်ကြကြောင်း၊ ရွာအနောက်ဘက် မနီးမဝေးတွင် ခမ၇ ၅၅၂ တပ်ရင်းရှိကြောင်း၎င်းက ပြောကြားသည်။

“ အခုက ရွာသားတွေက ရွာကို စွန့်ခွာထွက်ပြေးတာတော့ မရှိဘူး။ ဒါပေမယ် တစ်ရွာလုံး ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ ဒီမှာဘဲ စုပြီး အိပ်ကြမယ်။ ဘယ်လိုလုပ်မလဲ။ ရွာနဲ့ မနီးမဝေးမှာ တိုက်ပွဲ ဖြစ်တော့ အကုန်လုံးကြောက်နေကြတယ်။ ဦးလေး ဗိုက်အောင့်ပြီး အိပ်ရာထဲမှာ လဲနေရတယ်။ အခု အိပ်ရာထဲက ပြောနေ၇တာပါ” ဟု ပြောကြားသည်။

တိုက်ပွဲမည်သို့ မည်ပုံ ဖြစ်ပွားသည်ကို မသိရှိကြောင်း၊ ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာတောင်ချိုင်မှာ ရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး တောင်တန်းပေါ်မှ စစ်တပ်မှ တောင်ချိုင်ကြားထဲကို ပစ်ခတ်နေသည်ကို မြင်၇ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံသို့ ဆက်သွယ်ရာ တောင်ဘဇားနှင့် ဘူးသီးတောင်အကြား သရဂူဘက်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ရွာသားများ ဖုန်းဆက်လာ၍ သိရကြောင်း၊ နောက်ပြန်ဆက်ရာတွင် ရွာသားများ ဖုန်းပိတ်ထားကြကြောင်း ၎င်းက ပြောကြားသည်။ 


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.