စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ပြည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ ဇူလိုင် ၂၉/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဇူလိုင် ၂၈ ရက်နေ့တွင် ၃ဝဝဝ ရှိသွားပြီဟု သိရသည်။ 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း (ဇူလိုင် ၂၈ရက်) သေဆုံးသူ ၃၅ ဦးရှိခဲ့ပြီးနောက် သေဆုံးသူအရေအတွက်မှာ ၃ဝဝဝ ထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ 

တစ်နိ်ုင်ငံလုံးအတိုင်းအတာဖြင့်ရောဂါပိုးတွေ့ရှိသူမှာ ၂၂၉၁၈၅ ဦးရှိပြီး ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၁၂၇၄၁၄ ဦးရှိကြောင်း ၎င်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် ကိုရိုနာရောဂါ အဆိုးရွားဆုံး ဖြစ်နေသည့် နိုင်ငံများထဲတွင် ကမ္ဘာအဆင့် ၁၆ တွင် ရောက်ရှိနေသည်။ 


ဆက်စပ် သတင်းများ