ရန်ကုန်မြို့တွင် ရခိုင်လူငယ်တစ်ဦး ပျောက်ဆုံးနေ


ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၃ဝ / ၂ဝ၂ဝ

ရန်ကုန်မြို့နယ်၊ ဗဟန်းမြို့၊ မင်းလမ်းတွင် နေထိုင်သူ ရခိုင်လူငယ်တစ်ဦး ဇူလိုင်လ ၂၁ ရက်နေ့ ည အချိန်ကတည်းက ပျောက်ဆုံးနေသည်ဟု မိသားစုများက ပြောသည်။

ပျောက်ဆုံးသွားသော လူငယ်မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ တောင်ပိုင်းရပ်ကွက်မှ မောင်ညွှန့်ဝင်းထွန်း အသက် (၂၄) နှစ် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ၁၁/ မပတ(နိုင်) ၁၂ဝ၇ဝ၂ ကို ကိုင်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။

ပျောက်ဆုံးသွားသော ကိုညွှန်ဝင်းထွန်း၏ အစ်မဖြစ်သူ မဆန်းဝင်းယဉ်က “ ဒီလ ၂၁ ရက်နေ့က နေပြည်တော်ကပြန်လာပြီး မင်းလမ်းက အစ်ကိုအိမ်မှာ သွားနေတယ်။ ညည့် ၁ နာရီလောက်မှာ ပူတယ်။ အိပ်လို့မရဘူးဆိုပြီး အပြင်ကိုထွက်သွားတယ်။  သူ့အစ်တို့ကလည်း ပူလို့ထွက်သွားတာဘဲ။ ခဏနေရင်တော့ ပြန်ဝင်လာမယ်လို့ ထင်ထားတာ။ အဲအချိန်ကနေ ပြန်ဝင်မလာဘဲ ပျောက်သွားတာ။ အခုချိန်ထိ ဘာသတင်း အစအနမှ မရသေးဘူး။ ကျမတို့က ရဲစခန်းတွေမှာလည်း သွားတိုင်ထားတယ်။ ဒါပေမယ့် ဘာသတင်းမှ အခုထိမကြားရသေးဘူး” ဟု ပြောသည်။ 

ယနေ့အချိန်ထိ ၎င်းလူငယ်ကို ပြန်မတွေ့သဖြင့် စိုးရိမ်ကြောင့်ကြနေကြောင်း မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။


Share: