နိရဥ္စရာ၊ ဇူလိုင် ၃၀/၂၀၂၀ (နိုင်ငံတကာ)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ရေကြီးနေပြီး နိုင်ငံ၏ မြေနေရာ ၃၇ ရာနူန်းကို ရေဖုံးလွှမ်းနေသည်ဟု သတင်းရရှိသည်။
BUET အင်စတီကျူ၏ ရေနှင့် ရေကြီးမှု စီမံခန့်ခွဲမှု ပါမောက္ခ AKM Saiful Islam ဂြိုလ်တုပုံရိပ်ကို တွက်ချက်ကိုးကားပြီး ပြောဆိုခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းရေကြီးမှုကို မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ထိခိုက်ခံစားနေရကြရပြီး ယင်းအထဲမှ တစ်ချို့မှာ ရေကြီးမှုကို လနှင့်ချီပြီး ထိခိုက်ခံစားနေကြ၇သည်ဟု ဆိုသည်။
ခရိုင် ၃၁ ခရိုင်မှ မြို့နယ်ပေါင်း ၁၅၁ မြို့နယ် လူပေါင်း ၅ သန်းကျော် ရေဘေးဒဏ်ကိုခံနေကြ၇သည်ဟု ဆိုသည်။
မြစ် (၁ရ) ခုတွင် ရေကြီးနေပြီး ယမန်နေ့က မြစ်ရေမှာ စိုးရိမ်ရေမှတ်ကို မြင့်တက်ခဲ့သည်ဟု ဘင်္ဂလာ သတင်းစာများကဆိုသည်။
၁၉၉၈ ခုနှစ်တွင်နိုင်ငံ၏ ၆၈ ရာခိုင်နှုန်းဝန်းကျင်တွင်ရေလွှမ်းမိုးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၀၇ နှင့် ၂၀၁၇ ခုနှစ်တွင် ၄၂ ရာခိုင်နှုန်းနှင့် ၂၀၀၄ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းတို့သည်ရေလွှမ်းမိုးခဲ့သည်။