Preview

ပလက်၀ဒေသခံ ၄ ဦးကို AA ဖမ်းဆီးဟု ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေကောင်စီ KACC သတင်းထုတ်ပြန်

သြဂုတ် ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :6887
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၁ /၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှ ချင်းလူငယ်လေးဦးအား ဇူလိုင်လ ၁၉ ရက်နေ့က၊ ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေကောင်စီ (KACC) က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ အဆိုပါ လူငယ်လေးဦး အဖမ်းခံရခြင်း၏ အကြောင်းရင်းများကို မသိရှိ၇သေးသော်လည်း ၄င်းတို့မှာ ၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်၀မြို့သို့ ပြန်လာခြင်းဖြစ်ပြီး အတူ ပြန်လာသည့် လူငယ် ခုနှစ်ဦးအနက် လေးဦးအဖမ်းခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရကြောင်း၊  ဖမ်းဆီးခံ၇သူများအနက် တစ်ဦးမှာ အိုက်အောင်စိုးဖြစ်ပြီး၊ ပလက်၀ မြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ဆောင်ရွက်သူတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေကောင်စီမှ (ပြောရေးဆိုခွင့်ရှိသူ) မိုင်းနန်းဝေနှင့် (ညှိနှိုင်းရေးမှူး) ဆလိုင်းစောမြ တို့အားဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း ယခုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးဖြေဆိုခြင်း မရှိခဲ့ပါ။  နိရဥ္စရာ သတင်းဌာနာမှ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။

ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် လွန်ခဲ့သည့် ဇွန်လအတွင်းက ဖမ်းဆီးခံ၇သော ပလက်၀မြို့နယ်၊ တုန်းမ၀ကျေးရွာ ချင်းလူမျိုး ဦးလှကျော် ဖမ်းဆီးခံခဲ့ရသော နေရာဖြစ်ပြီး  တစ်လအကြာ ဇူလိုင်လ ၁၇ ရက်နေ့တွင် သူ့၏ရုပ်အလောင်းကို ပြန်တွေ့ခဲ့သည့် နေရာဖြစ်ကြောင်းလည်း ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်၀မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ ကျနော်လည်း သတင်းတော့ကြားတယ်။ မီဒီယာတွေကတစ်ဆင့်တော့ အဲသတင်းတွေကို ကြားတယ်။ ကျနော်လည်း အခုခရီးသွားနေလို့။ သတင်းပဲ ကြားသေးတယ်” ပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းသို့ ဆက်သွယ်ရာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မသိရှိကြောင်း ပြောသည်။

အဆိုပါ အဖမ်းအဆီးနှင့်ပတ်သက်ပြီး AA သို့ ဆက်သွယ်မေးမြန်းခြင်းကို ဥပဒေအရ ပိတ်ပင်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။ 


#စစ်ရေးစစ်ရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.