ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ သြဂုတ်၁/၂၀၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကပ်ချောင်းကျေးရွာတွင် ယနေ့ ညနေက စစ်လက်ကျန် အမြောက်ကျည် တစ်လုံးပေါက်ကွဲရာမှ ဒဏ်ရာရရှိသူ ၅ ဦးအနက် ၃ ဦးမှာ စစ်တွေဆေးရုံသို့ ယနေ့ ညနေ ရ နာရီခွဲခန့်က ရောက်ရှိလာကြောင်း သိရှိ၇သည်။
စစ်တွေဆေးရုံသို့ရောက်ရှိလာသူများမှာ ကိုကျော်မြင့်သန်း ၊ မောင်ဇော်နိုင်နှင့် မောင်မျိုးဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ ကျန်နှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိ၇သည်။
ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ စစ်တွေဆေးရုံးကို ရောက်လာတဲ့ ကလေး ၃ ဦးထဲက တစ်ယောက်က ဒဏ်ရာတော်တော့ကို ပြင်းထန်ပုံရတယ်။ သူ့မှာ မျက်လုံးနားမှာ တစ်ချက်ထိတယ်။ ဗိုက်မှာလည်း ဒဏ်ရာရသွားတယ်။ အသက်ရှူတာ နည်းနည်း အောင့်တယ်။ နောက်တစ်ယောက်မှာလည်း လက်ညိုတွေ၊ လက်သန်းတွေပါသွားတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းဘူး ” ဟု ပြောသည်။
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကပ်ချောင်းကျေးရွာတွင် ယနေ့ညနေ ၄ နာရီခွဲ အချိန်ခန့်က စစ်လက်နက် ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ၇သည်။