Preview

တောင်ကုတ်တွင်မိုးကြီး၍ ရေနစ်ခဲ့သည့်လမ်းအချို့ရေပြန်ကျ

သြဂုတ် ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :1586
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
ဩဂုတ်၃/၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းရှိ လမ်းအချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ရေပြန်ကျသွားပြီဟု သိရသည်။

ရေနစ်မြုပ်ခဲ့သည့်လမ်းမှာ ဆေးရုံကွပ်သစ် (ရ)လမ်းဖြစ်ပြီး အသွားအလာလုပ်သူများကို အသက်ကယ်လှေငယ်များဖြင့် ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

စာရေးဆရာရက္ခက “ မနက်ကတော့ ရေအတော်လေးတက်ခဲ့ပါတယ်။ ညဉ့်မိုးရွာတာများတော့ မနက်က မြေနိမ့်ပိုင်းက လမ်းအချို့ရေနစ်ခဲ့ပါတယ်။ ကျွန်တော်သွားကြည့်တော့ ကွပ်သစ်ခုနှစ်လမ်းကို ရေနစ်နေတာကို တွေ့၇ပါတယ်။ ဒါပေမယ့် နေ့လယ်ပိုင်းဆို ပြန်ကျသွားပါတယ်” ဟု ပြောကြားသည်။

ဒေသခံ တစ်ဦး၏ ပို့စ်တွင် ကုတင် (၁၀၀) ဆေးရုံသို့ သွားရာလမ်းကို ရေ ၆ ပေထိ တက်ခဲ့ပြီး လမ်းသွားလမ်းလာများကို ဂူတာပြင်အုပ်ချုပ်ရေးမှူးရုံးမှ လှေငယ်များဖြင့် သွားလာရေး အဆင်ပြေအောင် ကူညီခဲ့ရသည်ဟု ဖော်ပြသည်။

ယခုရေကြီးမှုမှာ မိုးများ၍ ရေကြီးခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ကိုရက္ခက ပြောဆိုသည်။

တောင်ကုတ်မြို့သည် လူနေထူထပ်လာပြီး သစ်တောများ ပြုန်းတီးမှု၊ ချောင်းများတိမ်ကောလာမှုတို့ကြောင့် ယခုနှစ်ပိုင်းအတွင်း မိုးရာသီရောက်တိုင်း ချောင်းရေကြီးမှုကို ခံစားနေရသော မြို့ဖြစ်သည်ဟု သိ၇သည်။

(Photo by Matthew Kogyi)

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.