Preview

အမ်းမြို့နယ်တွင် ချင်းတိုင်းရင်းသူ တစ်ဦး မိုင်းထိ သေဆုံး

သြဂုတ် ၀၄/ ၂၀၂၀ | ကြည့်ရှုသူ :6315
ရခိုင် သတင်း

ခိုင်လူလှ(ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၄/၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းမှ ချင်းတိုင်းရင်းသူ မ၀သုန် (၁၇) နှစ်သည် သြဂုတ် ၃ ရက်နေ့က မိုင်းနင်းမိပြီး ခြေထောက်ပြတ်ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

သူမအား အမ်းစစ်ဆေးရုံသို့ ယူဆောင်လာရာ လမ်းတွင် သေဆုံးသွားသည်ဟု ပြောကြားသည်။ 

အမ်းမြို့မှ လူမှုရေးတက်ကြွလူပ်ရှားသူတစ်ဦးဖြစ်သည့် ဦးမျိုးလွင်က “ သူတို့ မိသားစုက လက်ရှိ ကဇူကိုင်းရွာမှာ နေပါတယ်။ အဲဒီမိန်းခလေးက ကဇူကိုင်းရွာကနေ အရှေ့ဘက် ဒလက်ဘက်ကို သွားတဲ့ လမ်းပေါ်မှာ စစ်တပ် စစ်ဆေးရေးဂိတ်ရှိပါတယ်။ အဲဒီအနီးဝန်းကျင်ကိုသွားရာကနေ မိုင်းပေါက်တယ်လို့ ပြောပါတယ်။ အဲဒီကလေးမလေးက အိ်မ်ထောင်မရှိ အပျို၊ ချင်းတိုင်းရင်းသူပါ။ စိတ်ကတော့ သိပ်မမှန်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ စိတ်ထင်ရာ လျှောက်သွားနေတတ်တယ်လို့ ပြောကြပါတယ် ” ဟု သူက ပြောသည်။  

သူမအားစစ်တပ်က စီစဉ်ပေးသည့် ကားဖြင့် အမ်းမြို့ စစ်ဆေးရုံသို့ ယူဆောင်ရာ လမ်းတွင် သေသွားသဖြင့် အမ်းမြို့နယ်ဆေးရုံသို့ ဆက်လက်ယူဆောင်ပြီး အလောင်းကို အမ်းဆေးရုံတွင် ထားရှိသည်ဟု ၎င်းက ပြောကြားသည်။

မ၀သုန်တို့ မိသားစုမှာ အမ်းတောင်အုပ်စု ဆင်ခုံတိုင်ရွာဇာတိဖြစ်ပြီး ကဇူကိုင်းကျေးရွာသို့ ပြောင်းရွှေ့လာသည်မှာ (၅) နှစ် ဝန်းကျင်ရှိနေကာ သူမ၏ ဖခင်ဖြစ်သူမှာ ဦးတင်အေးမှာ ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည်ဟု သိ၇သည်။ 

ကူဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်သန်းမောင်သို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါ။ 

လွန်ခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့ကလည်း အမ်းမြို့နယ် ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းရွာမှ ရွာသားနှစ်ဦးဖြစ်ကြသည့် ဦးမောင်တင် (၆၀) နှစ်နှင့် ကိုဆူပါချေ (၂၈) နှစ်တို့မှာ မိုင်းပေါက်ကွဲ၍ သေဆုံးခဲ့သလို  ဦးဆန်းဝင်း (၄၈) နှစ်မှာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း သိရှိ၇သည်။
#မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.