သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် ဘုရားပေါင်းရွာတွင် စစ်ဆေးခံရသူ အရပ်သား၂၃ ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာတွင် တပ်မတော်စစ်ကြောင်း တစ်ခုက ခေါ်ယူ စစ်ဆေးခဲ့သည့်ကျေးရွာသား ၂၃ ဦးကို ပြန်လွတ်လာသည်ဟု သိရသည်။

၎င်းတို့မှာ ဘုရားပေါင်းကျေးရွာမှ  ၁၉ ဦး၊ တောင်ပေါက်ရွာက ၃ ဦးနှင့် ပုဏ္ဏားရွာမှ ရွာသား ၁ ဦး၊ စုစုပေါင်း ၂၃ ဦး ဖြစ်သည်။

သူတို့ ၂၃ ဦးအား တပ်မတော်စစ်ကြောင်း တစ်ခုမှ ယမန်နေ့သြဂုတ် ၅ ရက် ညနေ ၆ နာရီကတည်းက ဘုရားပေါင်း ဘုန်းတော်ကြီးကျောင်းဟောင်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး ယနေ့ညနေ ၄ နာရီကျော် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ဘုရားပေါင်း ကျေးရွာသား တစ်ဦးက ပြောသည်။ 

“ဆရာတော်ကြီးတွေနဲ့ အရပ်လူကြီးတွေ သွားတောင်းတော့ စစ်ကြောင်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ မလွတ်ပဲ ကျနေခဲ့တဲ့ ပုဏ္ဏားရွာမှ လူငယ်တစ်ဦးလည်း ည ၅ နာရီကျော်မှာ မိဖတွေကို ခေါ်ပြီး ပြန်လွှတ် ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။

ပုဏ္ဏားရွာမှ ဖမ်းဆီးခံရသူ လူငယ်မှာ (ဖ) ဦးမောင်ဖြူချေ (မိ) ဒေါ်ကျော့သာမေတို့၏ သား အသက် (၂၆) နှစ်အရွယ် ညီညီစိုးဆိုသူဖြစ်ကြောင်း သိရသည်။ 


ဆက်စပ် သတင်းများ