Preview

ရေတပ်ဇက်ရေယာဉ်ကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ အောင်တံခွန်-၂ သင်္ဘော သေနတ်ပစ်ဖောက်ရပ်တန့် စစ်ဆေးခံရ

သြဂုတ် ၀၈/ ၂၀၂၀ | ကြည့်ရှုသူ :8326
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၈/ ၂၀၂၀

ဘူးသီးတောင်မြို့မှ ယနေ့နံနက်က ထွက်ခွာလာသည့် ခရီးသည်တင် အောင်တံခွန်-၂ သင်္ဘောကို  ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ရသေ့တောင်မြို့အနီးအရောက် မေယုမြစ်ထဲတွင် ဇက်ရေယာဉ် နှစ်စီးပေါ်မှ သေနတ်ပစ်ခတ် ရပ်တန့် စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်လင်းသို့ ဆက်သွယ်ရာ သင်္ဘောကို ရပ်တန့်စစ်ဆေးခြင်းမှာ မှန်ကန်ကြောင်း ပြောဆိုသည်။

“အဲဒါ ဟိုပြန်ထွက်လာပါပြီ။ ကျွန်တော်တို့ဖုန်းအဆက်အသွယ်မရသေးဘူး။စစ်တာက နေဗီသင်္ဘောကလို့တော့ ပြောတယ်ဗျ။ အဲဒါပဲသတင်းသိတယ်။ ကျန်တာတော့ ကျွန်တော်တို့ အဆက်အသွယ်မရသေးတော့ သေချာ မသိ၇သေးဘူး။ ဖြစ်တာ နေ့လယ် ၁၂ နာရီလောက်ကဖြစ်မယ်ထင်တယ်” ဟု ညနေ ၃ နာရီခန့်က ပြောသည်။

၄င်း အောင်တံခွန်-၂ သင်္ဘောကို ရသေ့တောင်မြို့ရှိ တပ်ရင်း ၅၃၆ အနီး မေယုမြစ်ထဲ ဇက်ရေယာဉ် နှစ်စီး မှာ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်စီးမှ သေနတ်ဖြင့် အချက်ပေါင်းအများအပြားပစ်ခတ်ကာ သင်္ဘောကို ရပ်တန့် ခိုင်းခဲ့ကြောင်း၊ သင်္ဘောပေါ်ပါလာသည့်  ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေးခြင်း၊  အထုတ်အပိုး များအား စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ရပ်တန့်စစ်ဆေးခြင်းမှာ သင်္ဘောပေါ်မှ ၄င်းတို့ ဇက်ရေယာဉ်များကို လူတစ်ဦးက ဓာတ်ပုံရိုက်သည်ဟုဆိုကာ ရပ်တန့် စစ်ဆေးခြင်းဖြစ်ကြောင်း ခရီးသည် တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်နဲ့ လူငယ်တစ်ယောက်ကို ဇက်ပေါ်တက်ခိုင်းတယ်။ စစ်တယ်။ သင်္ဘောပေါ်ကလူတွေကိုလည်း မှတ်ပုံတင်တွေစစ်တယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှ ပြန်လွှတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ခရီးသည်တင် အောင်တံခွန်သင်္ဘောအား ရပ်တန့်စစ်ဆေးခဲ့ခြင်းမှာ မှန်ကန်ကြောင်း ပြောကြာသည်။ 

သင်္ဘောမှာ စစ်တွေသို့ ဆက်လက်ထွက်ခွာလာခဲ့သည်ဟု သိ၇သည်။  


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.