Preview

ရခိုင်ပြည်နယ်၏ ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၂၇ ဒဿမ၂၇ ရာခိုင်နှုန်းရှိ

သြဂုတ် ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :4378
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၉/ ၂၀၂၀

ရခိုင်ပြည်နယ်၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၇ ဒဿမ၂၇ ဖြစ်ပြီး (၅) နှစ်ကာလအတွင်း အမြင့်ဆုံးအောင်ချက်ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိ၇သည်။ 

၇ခိုင်တစ်ပြည်နယ်လုံး ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသား/ကျောင်းသူ ၂၀ ရှိကြောင်း သိ၇သည်။ 

ယခုနစ် ၂၀၂၀ ခုနစ်တွင် အောင်ချက်ရာခိုင်နှုန်း ၂၇ဒဿမ ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ် ၂၀၁၉ ခုနှစ်က အောင်ချက်ရာခိုင်နှုန်း ၂၃ဒဿမ ၉၇ ရာခိုင်နှုန်းရှိကြောင်း၊ ယခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက်  ၃ ဒဿမ ၃ ရာခိုင်နှုန်းထိတိုးလာကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိ၇သည်။

ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနစ်တွင် ၂၃ ဒဿမ ၁၃၊ ၂၀၁၆ ခုနစ်တွင် ၂၁ ဒဿမ ၁၉၊ ၂၀၁၇ ခုနစ်တွင် ၁၇ ဒဿမ ၁၆၊ ၂၀၁၈ ခုနစ်တွင် ၂၁ ဒဿမ ၄၅ ၊ ၂၀၁၉ ခုနစ်တွင် ၂၃ ဒဿမ ၉၇ ရာခို်င်နှုန်းနှင့် ၂၀၂၀ ခုနစ်နှစ်တွင် ၂၇ဒဿမ ၂၇ ရာခိုင်နှုန်းတို့ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းတွင် စစ်တွေမြို့မှ  ၆ ဘာသာ ဂုဏ်ထူး (၁၀) ထွက်ခဲ့ပြီး ယင်းအထဲမှ ၉ ဦးမှာ  စစ်တွေ အထက(၂)ကျောင်းမှ ဖြစ်ကြောင်း သိ၇သည်။

အထက (၂) ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဇံက ရခိုင်ပြည်နယ်အောင်ချက်ရာခိုင်နှုန်းတိုးသည့်အတွက် ဝမ်းသာကြောင်းပြောသည်။

“ဝမ်းသာတာပေါ့ အောင်ချက်ရာခိုင်နှုန်းတိုးတယ်ဆိုတော့။ ကျွန်တော်တို့ကျောင်းကလည်း ခြောက်ဘာသာ ၉ ယောက်ပါတယ်။ ဒီလောက်အကျပ်အတည်း၊ အခက်အခဲကြားကာလ အခြေအနေမှာတောင် ကလေးတွေ ဒီလိုကြိုးစားနိုင်တာ ဂုဏ်ယူလို့မဆုံးဘူးဗျာ” ဟုပြောသည်။

ခရိုင်အလိုက် အောင်ချက်ရာခိုင်နူန်းမှာစစ်တွေခရိုင်မှ  စစ်တွေမြို့နယ် ၃၀ ဒဿမ ၉၆၊ ပုဏ္ဏားကျွန်းမြို့နယ် ၂၈ ဒဿမ ၉၄၊ ပေါက်တောမြို့နယ် ၂၅ ဒဿမ ၇၄ နှင့် ၇သေ့တောင်မြို့နယ် ၂၄ ဒဿမ ၀၂ ရာနှုန်းတို့ဖြစ်သည်။

မြောက်ဦးခရိုင်တွင် မြောက်ဦးမြို့နယ် ၃၀ ဒဿမ ၃၅၊ ကျောက်တော်မြို့နယ် ၂၂ ဒဿမ ၉၈၊ မင်းပြားမြို့နယ် ၃၆ ဒဿမ ၀၉နှင့် မြေပုံမြို့နယ် ၂၅ ဒဿမ ၉၅ ရာနှုန်းတို့ဖြစ်သည်။

ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူမြို့နယ် ၂၈ ဒဿမ ၆၉၊ အမ်းမြို့နယ် ၂၁ ဒဿမ ၅၀၊ ရမ်းဗြဲမြို့နယ် ၂၇ ဒဿမ ၆၁၊ မာန်အောင်မြို့နယ် ၃၁ ဒဿမ ၄၆ ရာနှုန်းတို့ ဖြစ်ကြသည်။

သံတွဲခရိုင်တွင် သံတွဲမြို့နယ် ၂၈ ဒဿမ ၄၃၊ ဂွမြို့နယ်၃၅ ဒဿမ ၄၉နှင့် တောင်ကုတ်မြို့နယ် ၃၀ ဒဿမ ၅၀ ရာနှုန်းတို့ ဖြစ်ကြသည်။ 

မောင်တောခရိုင်တွင် မောင်တောမြို့နယ် ၁၄.၂၃ ရာနှုန်းနှင့် ဘူးသီးတောင်မြို့နယ် ၁၆ ဒဿမ ၃၇ ရာနှုန်းဖြစ်ကြောင်း သိ၇သည်။ 


#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.