Preview

အိန္ဒိယနိုင်ငံတွင် Covid-19 ဆေးရုံအဖြစ် အသုံးပြုနေသည့် ဟိုတယ်မီးလောင်၍ လူနာ ၉ ဦးသေဆုံး

သြဂုတ် ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :4116
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ သြဂုတ်၉/၂၀၂၀ (နိုင်ငံတကာ)

တနင်္ဂနွေနေ့ အစောပိုင်းက အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ချ် (Andhra Pradesh)၊ ဗီဂျေရာဝါဒ (Vijayawada) မြို့ရှိ Covid-19 ဆေးရုံအဖြစ် အသုံးပြုထားသည့် ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနာ ၉ ဦး သေဆုံးကာ အများအပြား ပိတ်မိခဲ့သည်ဟု သတင်းရရှိသည်။

Swarna Palace ဟု အမည်ရှိသည့် ဟိုတယ်ကို  Covid-19 လူနာများအတွက် စောင့်ရှောက်ရေးစင်တာတစ်ခု အဖြစ် လူကြိုက်များသော ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် Ramesh က အသုံးပြုထားခြင်း ဖြစ်သည်။

မတော်တဆမှု ဖြစ်ပွားချိန်တွင် Coronavirus ရောဂါလူနာ ၃၀ ခန့်နှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀ ဦး ရှိခဲ့သည်။

ဗီဂျေရာဝါဒါမြို့ရဲတပ်ဖွဲ့မှူး B B Srinivasulu က ဟိုတယ်ဆေးရုံအတွင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် အကြောင်းကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ချက်ချင်း မီးသတ်ကားများကို စေလွှတ်ပြီး မီးကို ငြိမ်းသတ်ထိန်းချုပ်ခဲ့သည်ဟုဆိုသည်။ 

လူနာ ၁၇ ဦး ခန့်ကိုလှေကားများဖြင့်လုံခြုံစွာထုတ်ယူနိုင်ခဲ့ကြောင်း၊  လုံခြုံရေးအစောင့် အပါအဝင် ဝန်ထမ်းနှစ်ဦးသည် မီးလောင်ပြီးနောက် ဟိုတယ်၏ ဒုတိယနှင့် တတိယထပ်များမှ ခုန်ချခဲ့၇ကြောင်း ဆိုသည်။ 

ယခုအချိန်အထိအလောင်း ၉ လောင်းကိုထုတ်ယူခဲ့ပြီးအသက်ရှူကျပ်မှုကြောင့်သေဆုံးခဲ့သည်ဟုတွေ့ရှိ၇သည်။ 

ဟိုတယ်မှ ထွက်သောမီးခိုးများသည် ဧရိယာတစ်ခုလုံး၏ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားပြီး အခန်းတွင်းရှိ လူနာများအား အသက်ရှူကျပ်စေခဲ့သည်ဟုဆိုသည်။ 

မျက်မြင်သက်သေများက ပြောကြားသည်မှာ လူနာများက အပေါ်ထပ်ကြမ်းပြင်ရှိ သူတို့၏ အခန်းများမှ အကူအညီတောင်းခံနေခဲ့ကြသည်ဟု  ပြောဆိုသည်။

တာဝန်ရှိသူများက လျှပ်စစ်ရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၅ နာရီခန့်တွင် ပထမထပ်မှ မီးတောက်များကို ဝန်ထမ်းများ မြင်တွေ့ခဲ့ရပြီး  မီးမှာ တတိယနှင့် ပဥ္စမထပ်သို့လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူနာများသည် ဟိုတယ်၏ တတိယ၊ စတုတ္ထနှင့်ပဥ္စမထပ်တွင်ရှိသည်ဟု သိ၇သည်။ 

အာဏာပိုင်များသည် လူနာများကိုဘေးကင်းလုံခြုံစွာဖြင့်  Labbipet ဧရိယာရှိ အခြားဟိုတယ်တစ်ခုသို့ ပြောင်းရွှေ့ရန်ကြိုးစားနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ 


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.