Preview

စစ်တွေပွိုင့်ကမ်းခြေအနီး လူသေအလောင်းတစ်လောင်း သောင်တင်တွေ့ရှိ

သြဂုတ် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :5252
မှုခင်း သတင်း

သျှင်မင်းဇံ

နိရဥ္စရာ ၊ သြဂုတ် ၁၃/၂၀၂၀

၇ခိုင်ပြည်နယ်၊စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီး သဲသောင်းပြင်၌ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်ခန့်က အမျိုးသားအလောင်းတစ်လောင်းကို သောင်တင်တွေ့ရှိခဲ့ရကြောင်း သတင်း ရရှိသည်။

အဆိုပါ အလောင်းမှာ အသက် ၃၅ နှစ်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး၏ အလောင်ဖြစ်ကြောင်း စစ်တွေမြို့မှ လူမှုလုပ်ဆောင်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အသင်း၏ ဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ဘယ်ကလူလည်း၊ဘယ်သူအလောင်းဆိုတာကိုလည်း ကျနော်တို့ မသိဘူး။ အလောင်းကတော့ အမျိုးသားအလောင်း ဖြစ်တယ်။အသက်ကတော့ ၃၅ နှစ်ခန့်လောက်ရှိမယ်။ အလောင်းကတော့ ပုပ်ပွနေပြီးဒဏ်ရာဒဏ်ချက်တွေ နည်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။

အဲဒီလူသေ အလောင်းကို တာဝန်ရှိ ရဲများကစစ်ဆေးပြီး ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းက စစ်တွေပြည်သူ့ ဆေးရုံးကြီး ရင်ခွဲရုံသို့ ပို့ဆောင်သွားကြောင်း သိ၇သည်။ 

ရဲတပ်ဖွဲ့သို့ဆက်သွယ်ရာ သေမှုသေခင်းဖွင့်ပြီး မည်သူ မည်ဝါဖြစ်ကြောင်းကို စိစစ်နေတုန်းဖြစ်ကြောင်း ပြောဆိုသည်။ 


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.