Preview

(၅၃) နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ စစ်တွေတွင်ကျင်းပ

သြဂုတ် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :6870
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၁၃ / ၂၀၂၀

၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ၇ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကြီးမှူးပြီး ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က စစ်တွေနည်းပညာ တက္ကသိုလ်တွင် ပြုလုပ်ကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် စာတမ်းဖတ်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိ၇သည်။

စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ ၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ကို ဝမ်းနည်းအောကမေ့ဖွယ် အနေနဲ့ရော၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းမေတ္တာတွေ ပို့သတဲ့အနေနဲ့ရော ကျင်းပ ပြုလုပ်၇တာဖြစ်တယ်” ဟုပြောသည်။

သြဂုတ် ၁၃ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လက်ညွှန်းချက်အတိုင်း တစ်ယောက်နှင့် တစ်ယောက် ၆ ပေအကွာနေထိုင်ပြီး ကျင်းပခဲ့ကြောင်း သိရှိ၇သည်။ 

၄င်းပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးခန့် တက်ရောက်ခဲ့ပြီး ယနေ့ မနက် ၁၁ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်း  သတင်းရရှိသည်။

“ ဒီနေ့ဟာ လုံး၀ကို မေ့လို့မရတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ရခိုင်ပြည်နယ်ဟာ ဆန်ရေစပါး ပွားများတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဒါကို အာဏာရှင်တွေက မင်းတို့ ထမင်းမစားနဲ့ကွာ မုန့်တီသောက်၊ ဆန်ခွဲတွေကို စားကြဆိုပြီးတော့ ပြောခဲ့ကြတယ်။ အဲလိုအခြေအနေမျိုးဟာ လုံး၀မဖြစ်သင့်တဲ့ အနေအထား ဖြစ်တယ်။  သူတို့ဟာ တိုင်းရင်းသားတွေဖြစ်တယ်။ နိုင်ငံသားတွေဖြစ်တယ်။ ဆန်တောင်းတာလောက်နဲ့ လူတွေအများကြီး သေခဲ့ရတယ်။ ဒီနေ့ဟာ သမိုင်းမှာ မေ့လို့မ၇တဲ့ နေ့တစ်နေ့လည်းဖြစ်တယ်” ဟု ၄င်းကဆက်ပြောသည်။

ဦးနေဝင်း  ဦးဆောင်သည့် မဆလ အစိုးလက်ထက် ၁၉၆၇ ခုနှစ် မိုးရာသီတွင် ဆန်ရေးစပါး ရှားပါးပြီး ရခိုင်တွင် အငတ်ဘေးကြုံ၇သဖြင့် ၁၉၆၇ ခုနှစ်သြဂုတ် ၁၃ ရက်နေ့တွင် စစ်တွေမြို့လမ်းမပေါ်သို့ ထွက်ပြီး ပြည်သူများက ဆန်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။  ဆန္ဒပြတောင်းဆိုသူများ ချီတက်လာစဉ် မြဆန်စက်အနီးတွင် စစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

အစိုး၇မူ ၁၇ ဦးသာ သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်ဟု သိ၇သည်။

၁၉၆၇ ခုနှစ် သြဂုတ် ၁၃ နေ့တွင် စစ်တွေမြို့တွင် ဆန်ရရှိရေး တောင်းဆိုတိုက်ပွဲ ဝင်ခဲ့သူအများအပြား ကျဆုံးခဲ့၇သဖြင့် အဆိုပါနေ့ကို ၁၃ သြဂုတ် စစ်တွေ ဆန်ပြဿနေ့ အဖြစ် သတ်မှတ်ပြီး ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကို  နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင်  ကျင်းပကြသည်။


#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.