Preview

ရခိုင်ပြည်နယ် ကျိန္တလီမြို့တွင် ကျပ်ဘီလီယံပေါင်းများစွာတန်ဖိုးရှိ ICE မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ

သြဂုတ် ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :3097
မှုခင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ပင်လယ်ကမ်းစပ် ချောင်းတစ်ခုထဲမှ ကျပ်ဘီလီယံပေါင်းများစွာတန်ဖိုးရှိသည့် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

ကျိန္တလီမြို့ စခန်းမှူး ကျော်လွင်ဦးက “ တန်ဖိုးက ကျပ် ၃၁ ဒဿမ ၇၄ ဘီလီယံတန်ဖိုးရှိပါတယ်။ အထုပ်တွေက အများကြီး၊ ပီနံအိတ်တွေနဲ့ ထုပ်ထားတာ။  ဆာလာအိတ်လို့ခေါ်တာပေါ့။  အလေးချိန်က ၁၃၁၀ ကီလိုဂရမ် ရှိပါတယ်။ ICE တွေပါ” ဟု ပြောသည်။

၎င်းမူးယစ်ဆေးဝါးများအား ဩဂုတ်လ ၁၆ ရက်နေ့၌ ကျိန္တလီမြို့အပိုင် ရမ္မာကျွန်း ကျေးရွာအနီး မောင်းဒေါက်ချောင်းအတွင်း မသင်္ကာဖွယ် မော်တော်ဘုတ်တစ်စီးပေါ်မှ ဖမ်းဆီးရမိသည်ဟု သိ၇သည်။

“ ကျွန်တော်ကို ဒီလ ၁၆ ရက်နေ့ အကြောင်းကြားတယ်။ ဘုတ်က စက်ပျက်ပြီးရပ်ထားတာ။ ဘုတ်က တောင်ကုတ်က ဘုတ်ဖြစ်တယ်လို့ စစ်ဆေးသိရှိ၇တယ်။ ဘုတ်သမား ၅ ဦးကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိတယ်။ မနေ့ကတော့ ၇မန်ယူပြီး စစ်ဆေးနေပါတယ်။ ဘယ်သူတွေ နောက်ကွယ်က ပါဝင်ပတ်သက်နေသလဲဆိုတာတော့ စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် မပြောနိုင်သေးဘူး” ဟု ပြောကြားသည်။

ဖမ်းဆီးရမိသူများအား ကျိန္တလီနယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိ၇သည်။

ဂွမြို့နယ် တရားလွှတ်တော်ရှေ့နေ့ ဦးတင်ညိုက “ အခု ဖမ်းမိ ဘုတ်သမားတွေက တောင်ကုတ်ကလို့ သိရတယ်။ သူတို့ကတော့ သူများဟာ သယ်ပေးကြရတဲ့သူတွေပါ။ သူတို့နောက်မှာ မှောင်ခိုဂိုဏ်းကြီးတွေ ရှိပါလိမ့်မယ်။ ဒေသခံလူထုကတော့ အဲဒီနောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်မလား ဆိုပြီးစောင့်ကြည့်နေကြပါတယ်”ဟု ပြောကြားသည်။ 

ယခင်က ဂွမြို့နယ်၊ ရွှေမှော်ချိုင်မှ မလေးရှားသို့ တင်ပို့မည့် ICE အမျိုးအစား မူးယစ်ဆေးဝါးများကို မော်တော်ဘုတ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့မှုများရှိခဲ့သည်ဟု ၎င်းက ပြောသည်။ 


#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.